ဆီဒိုးနားဟိုတယ်အနီး ဗီယက်နမ်နိုင်ငံက ရာနှုန်းပြည့်
ရင်းနှီးမြှုပ်နှံတည်ဆောက်သည့် ဟောင်အင်းဂရီလာမြန်မာစင် တာမှ
လူနေကွန်ဒိုတိုက်ခန်းများ ကို ကျပ်သိန်းသုံးထောင်မှ သိန်း
ခြောက်ထောင်ထိဖြင့် စတင်ရောင်း ချနေပြီဖြစ်ကြောင်းသတင်းရရှိသည်။
ဝယ်ယူသူအများစုက အဆို ပါကွန်ဒိုအခန်းများကို ရောင်းဈေး မြင့်မားမည်ဟု
ထင်ကြေးပေးခန့် မှန်းခဲ့သော်လည်း ယခုရောင်းချ သည့်ဈေးမှာ သာမန်ကွန်ဒိုအ
ခန်းဈေးနှုန်းများနှင့် ကွာဟမှုမရှိ ကြောင်း Excellent အိမ်ခြံမြေ
အကျိုးဆောင်လုပ်ငန်းမှ ဦးမောင် မောင်ကြီးက သုံးသပ်ပြောသည်။
‘‘လက်ရှိကတော့ ဒဂုံမြို့နယ်ထဲက ကွန်ဒိုအခန်းတွေက ဈေး အကောင်းဆုံးပဲ။
သူတို့တောင် ပြင်ဆင်ထားတဲ့ အခန်းတွေဆိုရင် သိန်း ခုနစ်ထောင်ကျော်လောက်
ပေါက်တယ်။ ဒီရက်ပိုင်းကတော့ အခန်းတွေအရောင်းအ၀ယ်သိပ် မဖြစ်ဘူး’’ဟု
၎င်းကဆိုသည်။
အဆိုပါ ကွန်ဒိုတိုက်ခန်း များ ပါဝင်သည့် ဟောင်အင်းဂရီ
လာမြန်မာစင်တာစီမံကိန်းကို ဗီ ယက်နမ်အခြေစိုက် HAGL ကုမ္ပ ဏီက ကန်ဒေါ်လာသန်း
၄၄၀ ကျော် ရင်းနှီးမြှုပ်နှံ၍ အဆင့်မြင့် လူနေအခန်းများ၊ ဈေးဝယ်စင်
တာများ၊ဟိုတယ်နှင့် ရုံးခန်းများပါ ၀င်သည့် စီမံကိန်းအဖြစ် တည်
ဆောက်မည်ဖြစ်ပြီး ရန်ကုန်တွင် အကြီးဆုံးနှင့် အစောဆုံးပြီးစီး သည့်
စီမံကိန်းဖြစ်လာရန် HAGL က မျှော်လင့်ထားသည်။
၃၂ ထပ်အမြင့်ရှိ
အဆိုပါ ကွန်ဒိုခန်းများရောင်းချရာတွင် အလွှာ အမြင့်အလိုက်တစ်ပေ ပတ်လည်လျှင်
တစ်ဒေါ်လာနှုန်းဖြင့် တိုးမြှင့်ရောင်းချသွားမည်ဖြစ်သည်။‘‘သူတို့ ရောင်းတဲ့
ပုံစံက နိုင်ငံတကာရောင်းတဲ့ ပုံစံပါပဲ။ အပေါ်မြင့်တော့ မြင်ကွင်းတွေ
ကြည့်ရတာ ပိုကောင်းတယ်။ ဒီ အတွက်ဈေးပိုပေးရတဲ့ သဘော ပါ။
ကြည့်လို့အကောင်းဆုံးနေရာ တွေဆိုရင်တော့ ၁၀ လွှာကနေ အလွှာ ၂၀ လောက်ထိ ဆိုရင်
တော့ အပေါ်အောက်တော်တော် ကြည့်ကောင်းတယ်’’ဟု အခန်း လာရောက်ဝယ်ယူသူအမျိုးသမီး
တစ်ဦးက ပြောသည်။
ဗီယက်နမ် အခြေစိုက် ဟောင်အင်းဂရီလာ ကုမ္ပဏီ၏ စီ
မံကိန်းကို နှစ်ပိုင်းခွဲထားပြီး အ ပိုင်း (၁) ကို ၂၀၁၅တွင် ပြီးစီးမည်ဖြစ်
ပြီး အပိုင်း (၂) ကို ၂၀၁၇ တွင် အပြီးတည်ဆောက်သွားမည်ဖြစ် ကြောင်း သိရသည်။
အပိုင်း (၁) တွင် လူနေအိမ် ခန်း ၂၀၀ ကျော်၊ ရုံးခန်းအဖြစ်
အသုံးပြုနိုင်မည့် တာဝါနှစ်ခု၊ အ ခန်းပေါင်း ၄၀၀ ကျော်ပါဝင်ပြီး
ဈေးဝယ်စင်တာနှင့် အခန်းပေါင်း ၄၄၀ ပါဝင်မည့် ကြယ်ငါးပွင့် အဆင့်ဟိုတယ်တို့
ပါဝင်မည်ဖြစ် ကာ ဇွန်လအတွင်း အခန်းများ ငှား ရမ်းခြင်းနှင့်
ဟိုတယ်စတင်ဖွင့် လှစ်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။
ကွန်ဒို၊
တိုက်ခန်းနှင့် အိမ်ခြံ မြေများ၏ ဈေးနှုန်းမှာ ကျပ်သိန်းထောင်ချီဖြင့်
ဈေးခေါ်ရောင်းချမှုများ ရှိသော်လည်း လက်ရှိရန် ကုန်မြို့၏
အိမ်ခြံမြေဈေးကွက်မှာ အရောင်းအ၀ယ်မရှိသလောက် အေးစက်နေကြောင်း
အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းလုပ်ကိုင် သူများထံမှ သိရသည်။
စီမံကိန်းတည်ဆောက်သည့် မြေနေရာကို အစိုးရထံမှ BOT စနစ်ဖြင့်
ညှိနှိုင်းဆောက်လုပ်ခဲ့ ခြင်းဖြစ်ပြီး ၂၀၁၃ မှ စတင်ကာ
လုပ်ငန်းများလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဟောင်အင်းဂရီလာ မှ
တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, May 17, 2015
ဆီဒိုးနားဟိုတယ်အနီး ဗီယက်နမ်ကုမ္ပဏီက တည်ဆောက်သည့် ကွန်ဒိုခန်းများ စတင်ရောင်းချ
ဆီဒိုးနားဟိုတယ်အနီး ဗီယက်နမ်ကုမ္ပဏီက တည်ဆောက်သည့် ကွန်ဒိုခန်းများ စတင်ရောင်းချ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 17, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 17, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment