CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, May 15, 2015
စီဘီဘဏ် အကြွေးဝယ်ကတ် သုံးစွဲငွေကို သိန်း ၅၀ အထိ ခွင့်ပြုမည်
ရန်ကုန် (မဇ္ဈိမ)။ ။ CB ဘဏ် အကြွေးဝယ်ကတ် သုံးစွဲနိုင်သည့် ပမာဏကို အနည်းဆုံးတစ်သိန်းမှ အများဆုံး ကျပ်ငွေ သိန်းငါးဆယ်အထိ သတ်မှတ် သုံးစွဲခွင့်ပြုသွားမည်ဟု အဆိုပါဘဏ် တာဝန်ရှိသူတ စ်ဦးက ပြောသည်။
ဗဟိုဘဏ်မှ ပြည်တွင်း ပုဂ္ဂလိကဘဏ်များကို အကြွေးဝယ်ကတ် လုပ်ပိုင်ခွင့်ကို မေ ၈ ရက်မှ စတင် ခွင့်ပြုလိုက်ခြင်းကြောင့် CB ဘဏ်မှလည်း အဆိုအကြွေးဝယ်ကဒ်ထုတ်ရန် စီစဉ်နေရခြင်းဟု အဆိုပါ ဘဏ် လက်ထောက်ထွေထွေ မန်နေဂျာ ဦးသိန်းမြင့်က ပြောသည်။
“ဗဟိုဘဏ်ကတော့ Credit Card ထုတ်ခွင့်ပေးလိုက်ပေမဲ့ ပုဂ္ဂလိကဘဏ်တွေက ဒီကတ်သုံးစွဲခွင့်ကို လူတိုင်းကို အရမ်းထုတ်ပေးလို့မရဘူး၊ သုံးစွဲငွေပမာဏကိုလည်း သူ့ဘဏ်အကောင့်မှာ အာမခံအနေနဲ့ ထားထားတဲ့ ပမာဏထက် အဆများနေလို့ မဖြစ်တဲ့အတွက် အများဆုံး သိန်း ၅၀ ထိပဲ သုံးစွဲခွင့်ပေးသွားမှာပါ” ဟု ၎င်းက ပြောသည်။
အဆိုပါ သတ်မှတ်မှုမှာ ဗဟိုဘဏ်၏ ညွှန်ကြားချက်အတိုင်း ဖြစ်ကြောင်း ထိုကတ်အသုံးပြု လိုသူသည် အကြွေးဝယ်ကတ် ဝယ်ယူမည့်ဘဏ်တွင် ဘဏ်အကောင့် ကြိုတင်ရှိရမည်ဖြစ်ပြီး အများဆုံး အကြွေးသုံးစွဲမှု သိန်း ၅၀ သတ်မှတ်ထားခြင်းကြောင့် ဘဏ်အကောင့်တွင် အာမခံငွေသိန်း ၅၀ နှင့်အထက် ရှိရမည်ဟုလည်း ယင်းဘဏ်တာဝန်ရှိသူက ရှင်းပြသည်။
အဆိုပါ ဘဏ် လက်ထောက်မန်နေဂျာ ဦးဇေယျာအောင်ကလည်း“ အကြွေးဝယ်ကတ် သုံးစွဲသူကို အနည်းဆုံး တစ်သိန်းကနေ စခွင့်ပြုတယ်ဆိုပေမယ့် သူ့အကောင့်မှာ အာမခံငွေဘယ်လောက်ထားလဲပေါ်မှာ မူတည်ပြီး အကြွေးသုံးစွဲခွင့် အနည်းအများတော့ ရှိသေးတယ်”ဟု ပြောသည်။
အာမခံထားရှိငွေမှာ ဘဏ်က သတ်မှတ်ချက်အတိုင်း အတိုးလစဉ် ခံစားခွင့်ပြုထားပြီး အကြွေးသုံးစွဲမှုမှာ ဘဏ်၏ ငွေကြေးသာ ဖြစ်ခြင်းကြောင့် ဘဏ်မှချေးငွေ ခေတ္တရယူသုံးစွဲသည့် သဘောဟုလည်း ဘဏ်တာဝန်ရှိသူများက ပြောသည်။
အကြွေးဝယ်ကတ် သုံးစွဲသူများသည် လစာပုံမှန်ဝင်ငွေရှိသူ ဖြစ်ရမည်ဖြစ်ပြီး ယင်းအကြွေးသုံးစွဲမှု ပမာဏအလိုက် ဘဏ်က သတ်မှတ်ထားသည့် အတိုးနှုန်းလစဉ် ပေးအပ်ရမည်ဖြစ်ပြီး ၃ လအချိန်အထိ ယင်းချေးငွေပြန်ဆပ်မှု မရှိပါက ကတ်ပိုင်ရှင်အလုပ်လုပ်သည့် ကုမ္ပဏီ HR နှင့် ပူးပေါင်း၍ လစာငွေမှ ဖြတ်တောက်သွားမည် ဟုလည် အဆိုပါဘဏ် တာဝန်ရှိသူက ဆိုသည်။
mizzima
စီဘီဘဏ် အကြွေးဝယ်ကတ် သုံးစွဲငွေကို သိန်း ၅၀ အထိ ခွင့်ပြုမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 15, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 15, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment