CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, May 25, 2015
ချစ်သူ (၃) ဦးရဲ့ တစ်ပြိုင်နက် ရန်တွေ့ခြင်းကို ခံလိုက်ရသူ
ရည်းစားလေး ထားရတာ ဆီးပြားလေး စားရသလို အရသာရှိတယ် ဆိုပြီး ချစ်သူတွေ တစ်ပြိုင်နက်တည်း အများကြီးထားတဲ့ သူတွေပာာ တစ်ချိန်မှာ ဒုက္ခရောက်စမြဲ ဆိုတာ ဒီဖြစ်ရပ်က သက်သေပြသ သွားခဲ့ပါတယ်။ အသက် (၂၀) နှစ် အရွယ်ရှိ ချာလီဖစ်ရှာပာာ မိန်းကလေး ချစ်သူ (၃) ဦး တစ်ပြိုင်နက် ထားခဲ့ပါတယ်။
အစောပိုင်းမှာတော့ သာယာစရာ ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ချစ်သူ (၃) ဦးစလုံးက တစ်ပြိုင်နက်တည်း ရန်တွေ့ခြင်းကို ခံလိုက်ရတဲ့ အပြင် အကုန်လုံးကို လက်လွှတ် ဆုံးရှုံး သွားခဲ့ရပါတယ်။
ချာလီဖစ်ရှာဟာ အပန်းဖြေခရီးက အပြန် အင်္ဂလန်နိုင်ငံရှိ လူတန်တောင်း လေဆိပ်မှာ ချစ်သူ (၃) ဦးကို ရုတ်တရက် တွေ့လိုက်ရခြင်း ဖြစ်ပါတယ်။ ချစ်သူ (၃) ဦးက ချာလီဖစ်ရှာကို နောက်ကနေလိုက်ပြီး လူလိမ် လူညာအဖြစ် အော်ဟစ်ခဲ့ခြင်း ဖြစ်ပါတယ်။ ချာလီဖစ်ရှာ အတွက် အရှက်ရစရာ ဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။
ဟက်ဖို့ဒ်ရှိုးင်းယားမှာ နေထိုင်တဲ့ အသက် (၁၇) နှစ် အရွယ်ရှိ ဘက်ကီကွန်နာရီဟာ ချာလီဖစ်ရှာရဲ့ အကြောင်း သိပြီးတဲ့နောက် သူ့လို ဘ၀တူတွေကို အသိပေးခဲ့ပါတယ်။ ဒီနောက် ချိန်းဆိုမှု ပြုလုပ်ပြီး ချာလီဖစ်ရှာကို ပညာပေးဖို့ ဆုံးဖြတ် ခဲ့ပါတယ်။
ချာလီဖစ်ရှာဟာ မိဘတွေနဲ့ ဖင်လန်နိုင်ငံမှာ နေထိုင်တာကြောင့် သူ့အချစ် ဇာတ်လမ်းတွေကို ဖုံးဖိ ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမှန်တရားက အနိုင်ယူစမြဲ ဖြစ်တာကြောင့် လိမ်ညာမှုတွေ ပေါ်သွားပြီး လူကြားထဲမှာ အရှက်ခွဲတာ ခံလိုက်ရခြင်း ဖြစ်ပါတယ်။
Messenger News Journal
ချစ်သူ (၃) ဦးရဲ့ တစ်ပြိုင်နက် ရန်တွေ့ခြင်းကို ခံလိုက်ရသူ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 25, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 25, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment