CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, May 25, 2015
ချစ်သူကို လှည့်ဖြားခဲ့လို့ Apple ပစ္စည်းတွေ ဖျက်ဆီးခံလိုက်ရ
ဂျပန်နိုင်ငံမှာရှိတဲ့ အမျိုးသမီး တစ်ဦးဟာ သူ့အပေါ် လှည့်ဖျားမှုတွေ ပြုလုပ်ခဲ့တဲ့ ချစ်သူကို ပညာပေးတဲ့ အနေနဲ့ ထူးခြားတဲ့ အပြုအမူ တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ ချစ်သူဖြစ်သူ ကိုင်တွယ်တဲ့ အက်ပဲလ် ပစ္စည်း ထုတ်ကုန်တွေကို ရေစိမ်ပြီး ဖျက်ဆီးလိုက်ခြင်း ဖြစ်ပါတယ်။
ဒီလိုလုပ်ခဲ့တာကို တွစ်တာကနေ တစ်ဆင့် အသိပေးခဲ့ခြင်း ဖြစ်ပါတယ်။ အမျိုးသမီးဟာ တွစ်တာ အကောင့် အမည်ကိုပဲ ဖော်ပြထားပြီး အမည်ရင်းကိုတော့ ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။ ဒီအမျိုးသမီးဟာ ချစ်သူ ဖြစ်သူ ခြေပုန်း ခုတ်နေတာကို သိရှိခဲ့ပြီးနောက် ချစ်သူဖြစ်သူရဲ့ အက်ပဲလ် ပစ်္စည်းတွေကို စနစ်တကျ ဖျက်ဆီးခဲ့ခြင်း ဖြစ်ပါတယ်။
အက်ပဲလ်က ထုတ်လုပ်တဲ့ ပစ္စည်းတွေဟာ အလွန်ဈေးကြီးတာကြောင့် ဒီလို လုပ်ခဲ့ခြင်းကို အံ့အားသင့်ခဲ့ကြပါတယ်။ တွစ်တာမှာ ဖော်ပြထားတဲ့ ဓာတ်ပုံတွေ အရ အိုင်မက်၊ အိုင်ဖုန်း၊ မက်ဘွတ်ခ်စတဲ့ အက်ပဲလ် ပစ္စည်းတွေကို ရေစိမ် ဖျက်ဆီးခြင်းဖြစ်ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ထောင်ပေါင်းများစွာ ရှိလိမ့်မယ်လို့ ခန့်မှန်း ထားကြပါတယ်။
ဒီအကြောင်းအရာဟာ ဆိုရှယ် မီဒီယာတွေမှာ ပျံနှံသွားခဲ့ပြီး ပြန်လည်ဝေမျှ မှုနဲ့ လိုက်ခ်လုပ်မှု များစွာ ရှိခဲ့တယ်လို့ သိရပါတယ်။
Messenger News Journal
ချစ်သူကို လှည့်ဖြားခဲ့လို့ Apple ပစ္စည်းတွေ ဖျက်ဆီးခံလိုက်ရ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 25, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 25, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment