အစိုးရက ဦးဆောင်ပြုလုပ်မည့် ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ
အစုရှယ်ယာကို ထိပ်သီးလုပ်ငန်းရှင်ကြီးလေးဦးက ရာခိုင်နှုန်းအများဆုံး
ဝယ်ယူရန် အဆိုပြုထားကြောင်း သတင်းရရှိသည်။
‘‘ထိပ်သီးလုပ်ငန်းရှင်လေးဦးက ပမာဏတော်တော်များများ ၀ယ်ယူဖို့
အဆိုပြုထားတယ်။ အများပြည်သူက အဆိုပြုလွှာ ၃၀ လောက်ပဲ တင်တယ်။ အစိုးရက
လည်းထိပ်သီးလုပ်ငန်းရှင်တွေကိုပဲ အဓိကအားထားတယ်’’ဟု
ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီဖြစ်မြောက်ရေးအတွက် အစိုးရဘက်မှ
ဆောင်ရွက်နေသူ ဒေါက်တာမောင်အောင်က ပြောသည်။
ထိပ်သီးလုပ်ငန်းရှင် လေးဦး ၏ အမည်စာရင်းကိုမူ ဒေါက်တာ မောင်အောင်က ထုတ်ဖော်ပြော ခြင်းမရှိပေ။
ထိပ်သီးလုပ်ငန်းရှင် လေးဦး အပြင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင်
ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီက အများပိုင် ဘတ်စ်ကားလိုင်းအတွက်
ယာဉ်များထည့်ဝင်ရန် အဆိုပြုထားသည်ဟု ၎င်းကဆိုသည်။
ရန်ကုန်ဘတ်စ်ကား
အများပိုင်ကုမ္ပဏီ၏ ရှယ်ယာကို အစိုးရက ၁၀ ဘီလီယံ၊ အများပြည်သူက ၁၅ ဘီလီယံ
စုစုပေါင်း ၂၅ ဘီလီ ယံဖြင့် အများပိုင် ဘတ်စ်ကားလိုင်းကို စတင်မည်ဖြစ်ပြီး
ရှယ်ယာထည့်ဝင်လိုသူများအား မေ လ ၄ ရက်မှ စတင်ဝယ်ယူနိုင် ကြောင်း
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖိတ်ခေါ်ခဲ့သည်။
မေလ ၎
ရက်က ရှယ်ယာ ဖိတ်ခေါ်ခဲ့သည့် အခမ်းအနားတွင် မက်စ်၊ ထူးထရိတ်ဒင်း၊ ရွှေသံလွင်၊
ကမ္ဘောဇ၊ ဒဂုံအင်တာနေ ရှင်နယ်၊ FMI အစရှိသော ထိပ်သီးကုမ္ပဏီများအပါအ၀င်
လုပ်ငန်းရှင်ပေါင်း ၂၁ ဦး ရောက်ရှိ ခဲ့သည်ဟု အခမ်းအနား
တက်ရောက်သူများစာရင်း၌ ဖော်ပြထားသည်။
စတင်ပြေးဆွဲဖြစ်ပါက
ဘတ်စ်ကားစီးရေ ရာကျော် ၀ယ်ယူမည်ဖြစ်ပြီး ဘတ်စ်ကားမှတ်တိုင်သစ်များ
တည်ဆောက်ခြင်းနှင့် ဘတ်စ်ကားလိုင်းများကို BRT စနစ်ဖြင့်
စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယာဉ်မောင်းနှင့်
ယာဉ်နောက်လိုက်များကို လစာပေးစနစ်ဖြင့် ခန့်ထားမည်ဖြစ်ပြီး ကနဦး
စမ်းသပ်လမ်းကြောင်းများအဖြစ် ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းမတို့တွင်
စတင်မည်ဖြစ်ပြီး ထို့နောက် လမ်းကြောင်းအသစ်များအဖြစ် ၈ မိုင်မှ လှိုင်သာယာ၊
ဒဂုံတက္ကသိုလ်မှ ပါရမီလမ်း၊ သီလ၀ါအထူးစီးပွားရေးဇုန်မှ ဗိုလ်တထောင်
ဘုရားလမ်းအထိ ပြေးဆွဲရန် အဆိုပြုထားကြောင်း
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနမှူး ဦးတင်မောင်ကြည်က
ပြောသည်။
အများပိုင် ဘတ်စ်ကားလိုင်း တည်ထောင်ခြင်းကို
လက်ရှိပြေးဆွဲနေသည့် ယာဉ်လိုင်းပိုင်ရှင်များက ၎င်းတို့၏
လိုင်းများပျောက်ပျက်သွားမည်ကို စိုးရိမ်နေပြီး အရည်အသွေးပိုင်းအရ
မယှဉ်ပြိုင်နိုင်မည်ကို စိုးရိမ်ပူပန်နေကြသည်။
‘‘အခုလုပ်မဲ့
အစီအစဉ်က ကောင်းပါတယ်။ ဒါပေမဲ့ အောင်မြင်မှုရှိ၊ မရှိ အစိုးရကို
စောင့်ကြည့်ပြီးမှ ရှယ်ယာဝင်ဖို့ ဆုံးဖြတ်ထားတယ်’’ဟု (၁၂၄) ယာဉ်လိုင်းမှ
ကားလေးစီးပိုင်ရှင် ဦးကျော်ဖုန်းမြင့်ကဆိုသည်။
ရန်ကုန်တွင် လက်ရှိပြေးဆွဲနေသည့် ယာဉ်လိုင်းပေါင်း ၃၆၀ ကျော် ယာဉ်အစီးရေ ၃,၅၀၀ ကျော် ဖြင့် ပြေးဆွဲနေသည်။
http://7daydaily.com/story/36550#.VUirmpOIXap
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, May 5, 2015
ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ အစုရှယ်ယာအများစု ၀ယ်ယူရန် ထိပ်သီးလုပ်ငန်းရှင်ကြီးလေးဦးကမ်းလှမ်းထား
ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ အစုရှယ်ယာအများစု ၀ယ်ယူရန် ထိပ်သီးလုပ်ငန်းရှင်ကြီးလေးဦးကမ်းလှမ်းထား
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 05, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 05, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment