Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 30, 2015

မြန်မာ ယူ ၂၀ အမေရိကန်ကို ရှုံး


နယူးဇီလန်နိုင်ငံမှာ ယှဉ်ပြိုင်ကစားတဲ့ ယူ ၂၀ ကမ္ဘာဖလား ပြိုင်ပွဲမှာ မြန်မာ ယူ ၂၀ အသင်းဟာ အမေရိကန် အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။

ပွဲချိန် ၈ မိနစ်မှာ မြန်မာ အသင်းက ပထမဆုံး ထောင့်ကန်ဘော ရရှိပြီး ကွင်းလယ်သမား ရန်နိုင်ဦးက ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် ၁၆ မိနစ်မှာ အမေရိကန် အသင်းက ရရှိတဲ့ ထောင့်ကန်ဘောကနေ တဆင့် မက်ကီတောက ချေပဂိုးကို သွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်းစပြီး ၄၆ မိနစ်မှာတော့ မြန်မာ အသင်း ထိုးဖောက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ အမေရိကန်အသင်းကလည်း အချိတ်အဆက်မိမိနဲ့ ထိုးဖောက်မှုတွေ ပြန်လည် လုပ်ဆောင်ခဲ့ပါတယ်။

မြန်မာ အသင်းက ကစားသမား ငြိမ်းချမ်းအောင် မကစားနိုင်တဲ့ အတွက် ကွင်းလယ်ကစားပုံ အားနည်းသွားပါတယ်။

၄၈ မိနစ်မှာ အမေရိကန် အသင်းက ဂိုးသွင်းယူသွားတဲ့ မာကီတောကို ထုတ်ပြီး ဂျာမီဆင်ကို လဲကစားခဲ့ပါတယ်။

၄၉ မိနစ်မှာ အမေရိကန် အသင်း ထိုးဖောက်ခဲ့ပြီး ဂိုးသွင်းဖို့ ကြိုးစားခဲ့တာကို မြန်မာ ဂိုးသမား မျိုးမင်းလတ် ကာကွယ်နိုင်ခဲ့ပါတယ်။

အမေရိကန် အသင်းက အဝေးဘောတွေကနေ တဆင့် ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့ပါတယ်။

၅၂ မိနစ်မှာ ပြစ်ဒဏ်ဘောကနေ အမှတ်တမဲ့ အခွင့်အရေးယူပြီး အမေရိကန်က သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးမရ ဖြစ်ခဲ့ပါတယ်။

ဒီနောက် ဆိုနိုရာကို ထုတ်ခဲ့ပြီး လူစားလဲ ကစားခဲ့တာ ဖြစ်ပါတယ်။ ဒီနောက် ၅၆ မိနစ်မှာ အမေရိကန် အသင်းရဲ့ အသင်းခေါင်းဆောင်က တန်ပြန်တိုက်စစ်ကနေ တဆင့် ဒုတိယဂိုးသွင်းယူသွားခဲ့ပါတယ်။

ဦးဆောင်ဂိုးရပြီး အမေရိကန် အသင်း အချိတ်အဆက်မိမိ ကစားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မြန်မာ အသင်း ကစားအားက ပထမပိုင်းနဲ့ နှိုင်းယှဉ်ရင်တော့ ကျသွားပါတယ်။

ပွဲချိန် ၆၂ မိနစ်မှာ မြန်မာ အသင်း ဂိုးဧရိယာ အစပ်မှာ အမေရိကန် ကစားသမားကို ဖျက်ထုတ်တာ ကြမ်းတမ်းတဲ့ အတွက် ပြစ်ဒဏ်ဘော ပေးခဲ့ရပါတယ်။ ဒီဘောလုံးကို အမေရိကန် အသင်းက ကန်သွင်းခဲ့ပေမယ့် ဂိုးဘားတန်းကျော်သွားခဲ့ပါတယ်။

ဒီနောက် အမေရိကန် အသင်းက အောင်သူကို ဖျက်ထုတ်တာ ကြမ်းတဲ့ အတွက် ပြစ်ဒဏ်ဘော ရရှိခဲ့ပါတယ်။ ဒါပေမယ့် ထိရောက်တဲ့ ခြိမ်းခြောက်မှုတော့ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။

မြန်မာ အသင်း နားလည်မှုလွဲနေသလို ကစားအား ကျသွားတဲ့အတွက် ပွဲက အနည်းငယ် အေးသွားသလို မြန်မာ အသင်းက တချက်တချက်မှသာ ထိုးဖောက်ကစားခဲ့ပါတယ်။

၇၆ မိနစ်မှာ မြန်မာ အသင်းက မောင်မောင်လွင် အမေရိကန် ကစားသမား ၃ ဦးအကြား ဆွဲပြေးတာကို အမေရိကန်က ဖျက်တာ ကြမ်းတဲ့ အတွက် ပြစ်ဒဏ်ဘော ပေးခဲ့ရသလို မောင်မောင်လွင် အနာတရ ဖြစ်သွားခဲ့ပါတယ်။

ဒီနောက် မြန်မာ အသင်း လူပေးတာ အမေရိကန် ကစားသမားတွေနဲ့ မလွတ် ဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာ အမေရိကန် ဂိုးဧရိယာ အစပ်မှာ မြန်မာ အသင်း ပြစ်ဒဏ်ဘော ရရှိခဲ့ပါတယ်။ ချေပဂိုးရဖို့ အခွင့်အရေးကောင်းတခု ဖြစ်ခဲ့ပေမယ့် ဂိုးကို မခြိမ်းခြောက်နိုင်သလို ထောင့် ကန်ဘော ထပ်မံရရှိခဲ့ပါတယ်။

ဒီထောင့်ကန်ဘောကနေတဆင့် မြန်မာအသင်းက အဝေးဘော ကန်သွင်းခဲ့ပေမယ့် ဂိုးဘားတန်းကျော်သွားခဲ့ပါတယ်။ မြန်မာ အသင်းက တိုက်စစ်ဆင်ပြီးရင် ခံစစ်ကို ပြန်ဆင်းဖို့ အားနည်းခဲ့ပါတယ်။

ဒီနောက် မြန်မာ အသင်း အချိတ်အဆက်မိမိ ပြန်လည် ကစားခဲ့ပြီး အမေရိကန် ဂိုးပေါက်ကို ခြိမ်းခြောက်ဖို့ ကွင်းတ၀က်နီးပါး ထိုးဖောက် တိုက်စစ်ဆင်ကစားခဲ့ပါတယ်။

၈၅ မိနစ်မှာ ထောင့်ကန်ဘော ထပ်မံရရှိခဲ့ပေမယ့် အခွင့်အရေး ဆုံးရှုံးခဲ့ပါတယ်။ဒီနောက် မြန်မာ အသင်း အမေရိကန် ဂိုးဧရိယာ အစပ်မှာ ပြစ်ဒဏ်ဘော ရရှိခဲ့ပါတယ်။ ဒါပေမယ့် နန္ဒကျော် ကန်သွင်းတဲ့ ဂိုး ဘားတန်းကျော်သွားပါတယ်။

၈၈ မိနစ်မှာ တန်ပြန်တိုက်စစ်ကဆင် အမေရိကန် ဂိုးရှေ့မှာ အပိုင်ဂိုးသွင်းခွင့်ရခဲ့ပေမယ့် ချော်သွားခဲ့ပါတယ်။
မြန်မာ အသင်းက နည်းစနစ်ပိုင်းနဲ့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ အားနည်းပါတယ်။

မြန်မာအသင်းက ဒီပွဲရှုံးတဲ့ အတွက် အုပ်စု (က)မှာ အောက်ဆုံးအဆင့်မှာ ရပ်တည်နေသလို အမေရိကန် အသင်းကတော့ အုပ်စု ပထမနေရာကို ရယူထားပါတယ်။

ဓာတ်ပုံ (ဖီဖာ ယူ ၂၀ ၀က်ဆိုဒ်)
 By ဒီဗွီဘီ
http://burmese.dvb.no

No comments:

Post a Comment