Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 29, 2015

ပေါ့ပေါ့ပါးပါး မှတ်မှတ်သားသား အချက်အလက်များ


ပေါ့ပေါ့ပါးပါး ဖတ်ရှုရင်း မှတ်သားထားနိုင်မယ့် ရယ်မောဖွယ်ရာ သိပ္ပံနည်းကျ အချက်အလက် တစ်ချို့ကို ဖော်ပြပေးပါ့မယ်။ လူတိုင်းနဲ့ သက်ဆိုင်ပေမယ့် လူသိနည်းတဲ့ အချက်တွေဖြစ်ပါတယ်။

- ကမ္ဘာပေါ်မှာ ရှိတဲ့လူသားတိုင်းဟာ ပျှမ်းမျှအားဖြင့် တစ်နေ့ကို ၁၃ ခါလောက် ရယ်မောလေ့ရှိကြပါတယ်။

- လူသားတွေနေထိုင်တဲ့ ကမ္ဘာမြေကြီးအပေါ်တည့်တည့်ကို လ ရောက်လာတဲ့အခါ ဆွဲငင်အားသက်ရောက်မှုတွေ ဖြစ်ပြီး သင်တို့ရဲ့ ကိုယ်အလေးချိန် ပေါ့သွားလေ့ ရှိပါတယ်။

- လျှပ်စစ်ဓါတ်အားဆိုတာ ကြေးနန်းကြိုးအတွင်းထဲက ဖြတ်ပြီး စီးဆင်းထားမဟုတ်ပါဘူးတဲ့။ ကြေးနန်းကြိုးရှိတဲ့ ပတ်ဝန်းကျင်က ဖြတ်သန်းစီးဆင်းတာဖြစ်ပါတယ်။

- အစာရှာဖို့ ခိုင်းစေခံရတဲ ပုရွက်ဆိတ်လုပ်သားတစ်ကောင်ဟာ ပျှမ်းမျှအားဖြင့် ၄၅ - ၆၀ ရက်အတွင်းပဲ အသက်ရှင်လေ့ရှိပါတယ်။ ဒါပေမယ့် ပုရွက်ဆိတ်ဘုရင်မကြီးကတော့ နှစ်ပေါင်း ၂၀ လောက်အသက်ရှည်နိုင်ပါတယ်။

- ကမ္ဘာမှာရှိတဲ့ သက်ရှိတွေရဲ့ အချိုးအစားအတိုင်း နှိုင်းယှဉ် တွက်ချက်မယ်ဆိုရင် ပုရွက်ဆိတ်တွေရဲ့ ဦးနှောက်အရွယ်အစားက အကြီးဆုံးဖြစ်နေပါတယ်။

- တရုတ်နိုင်ငံ လူဦးရေ ဘီလီယံနဲ့ ချီပြီးရှိပါတယ်။ တရုတ်က အရွယ်ရောက်ပြီးသား လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းလောက်က အိမ်ခွဲမနေပဲ မိဘတွေနဲ့ အတူနေထိုင်လျှက်ရှိပါတယ်။

- တရုတ်မှာ တစ်နေ့ကို တစ်ဒေါ်လာလောက်ပဲ ဝင်ငွေရှိတဲ့သူ သန်း ၂၀၀ လောက်ရှိပါသေးတယ်
http://www.planet.com.mm/detail/27901/World

No comments:

Post a Comment