Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 4, 2015

အမေရိကန်တွင် ကာတွန်းပြပွဲ ပြင်ပမှာ ပစ်ခတ်မှုဖြစ်ပွား


 အမေရိကန် နိုင်ငံ Texas ပြည်နယ် Dallas မြို့ အရှေ့မြောက်ဘက် Garland မြို့ရှိ တမန်တော် မိုဟာမက် ကာတွန်းပုံပြပွဲ ပြုလုပ်ရာ Curtis Culwell Center အဆောက်အဦးပြင်ပမှာ ကားနဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့ သေနပ်သမား ၂ ဦးကို အသေပစ်ခတ်ခဲ့ကြောင်း အမေရိကန် ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။

သေနပ်သမားတွေက အဆောက်အဦးပြင်ပကနေ ပစ်ခတ်တဲ့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်တဦး ဒဏ်ရာ ရရှိသွားပါတယ်။

ရဲတွေက သေနပ်သမား ၂ ဦးကို မပစ်ခင်မှာ သူတို့က လုံခြုံရေး တပ်ဖွဲ့ဝင်တဦးကို စတင်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ပြပွဲ လာရောက်သူတွေကိုတော့ ဘေးကင်းရာကို ကယ်ထုတ်နိုင်ခဲ့ပြီး ပြပွဲကျင်းပရာ အဆောက်အဦးကို ရဲတွေက ပိတ်ပစ်ခဲ့ပါတယ်။

ဒီကာတွန်းပြပွဲကို နယူးယောက်မြို့ရှိ ဝေါထရိတ် စင်တာ အနီးတွင် အစ္စလာမ်ဘာသာရေး စင်တာ အဆောက်အဦး ဆောက်လုပ်ခွင့်ကို ဆန့်ကျင်လှုပ်ရှားနေတဲ့ American Freedom Defense Initiative အဖွဲ့က စီစဉ်ကျင်းပတာ ဖြစ်ပြီး အစ္စလာမ်မစ် ဆန့်ကျင်ရေး ဒတ်ခ်ျ နိုင်ငံရေးသမား Geert Wilders လည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။

အခု ဖြစ်ပွားတဲ့ ပစ်ခတ်မှုဟာ ပြပွဲနဲ့ တိုက်ရိုက်ဆက်နွယ်နေတယ်ဆိုကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ Garland မြို့ ရဲတပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

No comments:

Post a Comment