CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, May 9, 2015
သေဆုံးပြီး မိဘများရဲ့ ပင်စင်ကို လိမ်လည်သုံးစွဲခဲ့သော အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ
ဂျပန်နိုင်ငံက အသက် ၈၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ သေဆုံးပြီးသား မိဘနှစ်ပါးရဲ့ပင်စင်ငွေတွေကို လိမ်လည်ထုတ်ယူခဲ့မှုနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ မစ်ဆူဆုဇူကီးဆိုတဲ့ အဲဒီအမျိုးသမီးဟာ မိဘနှစ်ပါး ကွယ်လွန် သွားခဲ့ပေမယ့် နှစ် ၅၀ နီးပါးလောက် သူတို့ရဲ့ပင်စင်ငွေတွေကို ထုတ်ယူသုံးစွဲနေခဲ့တာ ဖြစ်ပါတယ်။
အဲဒီအမျိုးသမီး ရယူသုံးစွဲခဲ့တဲ့ ပင်စင်ငွေတွေဟာ ဂျပန်ယန်း ၅၀ ကျော် ( အမေရိကန်ဒေါ်လာ ၄၂,၀၀၀၀) လောက် ရှိခဲ့ပြီး အမျိုးသမီးရဲ့မိဘတွေဟာ ၁၉၆၀ ကျော်ကာလတွေမှာ ကွယ်လွန်ခဲ့တဲ့အတွက် သူတို့သာ ဒီနေ့အထိ ရှိနေခဲ့ပေမယ့် ကမ္ဘာ့အသက်ကြီးဆုံးသူတွေ အဖြစ် ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အိုတွေအတွက် ပင်စင်ခံစားခွင့်ပြုတဲ့ ကိစ္စဟာ ပြဿနာဖြစ်နေပြီး တချို့သော သားသမီးတွေဟာ မိဘတွေ ကွယ်လွန်သွားပေမယ့် ဒါကို ထိန်ချန်ပြီး ပင်စင်ငွေကို ဆက်ထုတ်ယူနေကြတာဟာ ဖြေရှင်းစရာ ပြဿနာ ဖြစ်လာနေပါတယ်။ မစ်ဆူဆုဇူကီးရဲ့ကိစ္စမှာဆိုရင် ပင်စင်ဋ္ဌာနက အသက် ၁၁၀ နဲ့ ၁၁၂ နှစ် ရှိနေပြီ ဖြစ်တဲ့ သူမရဲ့အမေနဲ့အဖေ နေကောင်းသလားဆိုတာ ဒေသခံတွေဆီမှာ စုံစမ်းမေးမြန်းရင်းနဲ့ အဖြစ်မှန် ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
ဒေသခံခရိုင်ရုံးရဲ့အဆိုအရ မစ်ဆူဆုဇူကီးဟာ ၂၀၁၃ ဧပြီကနေ ၂၀၁၄ ဒီဇင်ဘာ အထိ သူမရဲ့မိဘတွေရဲ့ပင်စင်ငွေတွေဖြစ်တဲ့ ဂျပန်ယန်း ၂.၆ သန်းကို ထုတ်ယူခဲ့တယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အို အရေအတွက် များပြားလာတာနဲ့အမျှ ပင်စင်ငွေအရှုပ်အထွေး ပြဿနာဟာ လည်း ဖြေရှင်းစရာတစ်ခု ဖြစ်လာနေပါတယ်။ ၂၀၁၀ တုန်းကလည်း ဂျပန်မိသားစုတစ်စုဟာ ဖခင်ဖြစ်သူ ကွယ်လွန်တာ နှစ်ပေါင်း ၃၀ ရှိနေပြီဖြစ်ပေမယ့် ပင်စင်ငွေ ယန်း ၁၈ သန်းကို ထုတ်ယူနေခဲ့လို့ ဖမ်းဆီးခံခဲ့ ရပါတယ်။ အဲဒီမိသားစုဟာ ဖခင်ကွယ်လွန်တဲ့ သတင်းကို ခရိုင်ရုံးနဲ့ ပင်စင်ရုံးဆီ သတင်းမပို့ခဲ့ဘဲ ဖခင်ရဲ့ အလောင်းကို အိမ်မှာ မပုပ်သိုးအောင် ဆေးစိမ်ပြီး ထားရှိခဲ့ပါတယ်။ သူတို့က ဖခင်ဖြစ်သူဟာ သေဆုံးခြင်း မရှိတဲ့ ဗုဒ္ဓ ဖြစ်ချင်ခဲ့တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
ဒီမိသားစုရဲ့ကိစ္စကို သိရှိပြီးတဲ့နောက်မှာ ကျန်းမာရေးဝန်ကြီး ဋ္ဌာနရဲ့ စုံစမ်းမှုအရ ဂျပန်နိုင်ငံအတွင်းမှာ ပျောက်ဆုံးနေတဲ့ ပင်စင်စား ၁၇,၀၀ နီးပါးလောက် ရှိနေပြီး ဒီလို ပင်စင်ခံစားနေမှုတွေကိုလည်း ရပ်တန့်ပစ်ခဲ့ပါတယ်။
http://www.planet.com.mm/detail/27751/World
သေဆုံးပြီး မိဘများရဲ့ ပင်စင်ကို လိမ်လည်သုံးစွဲခဲ့သော အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 09, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 09, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment