၁၉၅၉ ခုနှစ်တွင် မြန်မာဗုဒ္ဓဘာသာလောကကို
အကြီးအကျယ်ရိုက်ခတ်လှုပ်ရှားသွားစေသည့် စာအုပ် တအုပ် ထွက်ပေါ်ခဲ့သည်။
ယင်းစာအုပ်ကြောင့် စာအုပ်ရေးသူ၊ ထုတ်ဝေသူနှင့် ပုံနှိပ်သူတို့  မှာ
ဖမ်းဆီးထိန်းသိမ်းခြင်း ခံရသည်။ တရားစွဲခံရသည်။ လေးနှစ်လောက်ကြာအောင် တရား
ရင်ဆိုင် ရသည်။ စာအုပ်ရေးသူမှာ ဗုဒ္ဓ ဘာသာဝင် ရဟန်းတပါး ဖြစ်လေရာ
စာအုပ်ပါအယူ အဆ ကို သဘောမကျသော အခြားရဟန်းတချို့ ၏ ဆန့်  ကျင်မှုတို့ လည်း
ပေါ်ပေါက်ခဲ့သည်။ ဗုဒ္ဓဘာသာတွင် အကြီးမားဆုံးဆန့် ကျင်မှု ဟု ဆိုရမည့် ပကာသနိယ
ကံဆောင်ပွဲများဖြင့် ဆန့် ကျင် သည်အထိ ရှိခဲ့သည်။ ယင်းစာအုပ်၏အမည်မှာ
“လူသေလူဖြစ်”။ ယင်းစာအုပ် ကို ရေးသူမှာ ပဉ္စမပေပင်အဖြစ် နာမည်ကျော်သော
တောင်တွင်းကြီး နတ်မှီတောရဆရာတော် ရှင်ဥက္ကဌ ဖြစ်သည်။
လူသေလူဖြစ်ဟု အမည်ပေးထားသည့် ယင်းစာအုပ်က ဖော်ကျူးသည့် အယူအဆကို စာရေးသူ
ရှင်ဥက္ကဌက စာတကြောင်းတည်းဖြင့် အနှစ်ချုပ်ထားသည်။ “ လူသား ဆိုတဲ့ သတ္တ၀ါ
သေဆုံးပြီးသွားတဲ့ နောက်အခါ၌ အကယ်စင်စစ် ဖြစ်ခွင့်ဖြစ်စရာ ဖြစ်ဖို
့အလားအလာများ ရှိသေးခဲ့လျှင် လူမှတပါး အခြားဘာမျှ ဖြစ်စရာ လည်း မရှိ”
ဟူလို။ ယင်းစာကြောင်းက မိရိုးဖလာဗုဒ္ဓဘာသာဝင်များအပေါ်
ဦးနှောက်မုန်တိုင်းကြီးတခု တိုက်ခတ်သကဲ့သို့ 
တုန်လှုပ်ချောက်ချားစေခဲ့သည်မှာ ထူးလျက်နှင့် မဆန်းဟု ဆိုရမည်။
အဘယ်ကြောင့် ဆိုသော် လူသေလူ ဖြစ် အယူအဆသည် မိရိုးဖလာဗုဒ္ဓဘာသာ၏
မဏ္ဍိုင်ဖြစ်သော “သုံဆယ့် တဘုံ အယူအဆ” နှင့် လုံးဝ ခြား နား ဆန်
့ကျင်သောကြောင့် ဖြစ်ပါသည်။
သုံးဆယ့်တဘုံ အယူအဆ အရမှာ“ လူသေလျှင်
သူပြုခဲ့ သည့် ကံ အလျောက် ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရ ကာယ် စသည့်
ဘ၀ဆိုးများသို့  ဖြစ်စေ၊ လူ နတ် ဗြဟ္မာ စသော ဘ၀ကောင်းများသို့  ဖြစ်စေ
သုံးဆယ်တဘုံ အတွင်းက ဘုံတခုဆီသို့ ရောက်လိမ့်မည်” ဟူ၏။
လူသေလူဖြစ်ကျမ်းပြုဆရာ ရှင်ဥက္ကဌက ယင်းသုံးဆယ့်တဘုံ ယုံကြည်မှုကို လူသားတို
့၏ အကြောက်နှင့် အမျှော်များ တိုးပွားရှင်သန်အောင် မြေဆီလောင်းပေးနေသည့်
အရာအဖြစ် မြင်နေခဲ့ရာ လူသေလူဖြစ်စာအုပ် ဖြင့် ကုစားပေးခဲ့ခြင်းဟု
ယူဆရပေသည်။ ယင်းသို့ ကုစားရာတွင် ( Theory of Evolution ) ကို
လည်းကောင်း၊ ဖန်ဆင်းရှင် တန်ခိုးရှင်ကို လက်သင့်မခံသည့် ဘုရားမဲ့ဝါဒ (
Atheism ) ကိုလည်းကောင်း၊ ဆရာတော်ရှင်ဥက္ကဌသည် ခေတ်သစ်သိပ္ပံ တွေ
့ရှိချက်တခုဖြစ်သောဒါဝင် ( Darwin )၏ ဆင့်ကဲဖြစ်စဉ်သဘောတရား ဗုဒ္ဓ
ဟောကြားခဲ့သည့် တရားကိုလည်း အခိုင်အမာ ကိုးကားခဲ့သည်။
လူသေလူဖြစ်စာအုပ်တွင် ဒါဝင်၏ ဆင့်ကဲဖြစ်စဉ်သဘောတရားကို အသေးစိတ်ထည့်သွင်း
ဖော်ပြထားသည်မှာ မြန်မာနိုင်ငံအတွင်းသို့ ကိုလိုနီစနစ်နှင့်အတူ
ရောက်ရှိကျယ်ပြန့် လာသည့် ခရစ်ယာန်ဘာသာရေးကို စိန်ခေါ်လိုက်ခြင်း ဖြစ်ပေသည်။
ဒါဝင်၏ ဆင့်ကဲဖြစ်စဉ်သဘောတရားက ခရစ်ယာန်ဘာသာ၏ ဖန်ဆင်းရှင်ယုံကြည်မှုအား
အခြေက ကိုင်လှုပ်ခဲ့သည်ကို ဆရာတော်ရှင်ဥက္ကဌ ကောင်းကောင်း သိရှိပုံရ သည်။
ဆရာတော်သည် နယ်ချဲ့  ၀ါဒကို လက်မခံသကဲ့သို့  နယ်ချဲ့ ဝါဒနှင့်အတူ ပါလာပြီး
မျက်နှာပေးခံရသော ခရစ်ယာန် ဘာသာကိုလည်း လက်သင့်ခံပုံမရ ။ ယင်းအချက်မှာ
ကျောက်ကွင်းအရေးတော်ပုံ ဖြစ်ရပ်ဖြင့် ထင်ရှားသည်။
ကျောက်ကွင်း
အရေးတော်ပုံဖြစ်ရပ်မှာ ဗုဒ္ဓဘာသာဝင်ရဟန်းတပါးက ခရစ်ယာန်ဘာသာအပေါ် ပြတ်ပြတ်
သားသား ဝေဖန်သုံးသပ်ပြခဲ့သည့် ဖြစ်ရပ်ဟု ဆိုနိုင်သည်။
ဒါဝင်၏
ဆင့်ကဲဖြစ်စဉ်သဘောတရားကဲ့သို့ ပင် ဖန်ဆင်းရှင်အယူဝါဒကို ကိုင်လှုပ်ခဲ့သော
အတွေးအခေါ် တရပ်ကို ရောဘတ်အင်ဂါဆို ( Robert Ingersoll) အမည်ရှိ
တွေးခေါ်ရှင်က ဒါဝင်နှင့် မရှေးမနှောင်းပင် ဟောပြောတင်ပြခဲ့သည်။
ဘာသာရေးသမားတို့ က လူတို့ ၏ ဦးနှောက် အတွင်းသို့ ဖန်ဆင်းရှင် God
ကိုလည်းကောင်း၊ ငရဲဘုံနှင့် နတ်ဘုံများကိုလည်းကောင်း သွတ်သွင်းပြီး
အကြောက်အမျှော်တိုးပွားအောင် လုပ်ကာ စီးပွားရှာနေသည်ဟု ဆရာကြီး အင်ဂါဆိုက
ပြစ်ပြစ်နှစ်နှစ်ဝေဖန်ခဲ့ပါသည်။
အင်ဂါဆို၏ ဟောပြောချက်များမှ
ကောက်နုတ် ဘာသာပြန်ပြီး လူသေလူဖြစ်ကျမ်းတွင် ဖော်ပြထားလေရာ ဆရာတော်၏
ပြောင်မြောက် လှသော ဘာသာပြန် အစွမ်းကြောင့် ဘာသာပြန်ဟုပင် မသိကြဘဲ ဆရာတော်
၏ ကိုယ်ပိုင် အယူအဆများ အဖြစ် စွပ်စွဲကြသည်မှာ အံ့သြစရာကောင်းလှသည်။(
အင်ဂါဆို၏ ဟောပြော ချက်တချို့ ကို ဆရာပါရဂူက “ တော်လှန်သောအတွေးအခေါ်”
အမည်ဖြင့် ဘာသာပြန် ထုတ်ဝေခဲ့ဖူးသည်။ ယင်းစာအုပ်လည်း ထွက်ပြီးမှ
အပိတ်ခံခဲ့ရပါသည်။)
ဒါဝင်၏ ဆင့်ကဲဖြစ်စဉ်သဘောတရားကိုလည်းကောင်း၊
အင်ဂါဆို၏ ဘုရားမဲ့အတွေးအခေါ်ကို လည်း ကောင်း ကြားဖူးနားဝမရှိသည့် သူတို
့အတွက်မှာ လူသေလူဖြစ်စာအုပ်သည် လုံးဝ အသစ် အဆန်း ဖြစ် နေ ပေလိမ့် မည်။
ဖန်ဆင်းရှင်အယူဝါဒကိုလည်းကောင်း၊ သုံးဆယ့်တဘုံ အယူဝါဒ ကိုလည်းကောင်း စွဲမြဲ
သက်ဝင်နေသူတို့ အတွက်မှာလည်း အလွန်အန္တရာယ်ကြီးသော မိစ္ဆာအယူဝါဒ
ဖြစ်နေပေလိမ့်မည်။
ဤသို့  ဖြင့် ဆရာတော် ရှင်ဥက္ကဌကို
ပကာသနိယကံဆောင်ကာ ခါးခါးသည်းသည်း ဆန့် ကျင်ခဲ့ခြင်း ဖြစ်မည်။ သို့ သော်
လူသေလူဖြစ်အယူအဆကို တင်ပြရန် ပန်ကြားခဲ့သူသည် အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ် အောင်ဆန်းဖြစ်သည်ဟူသော ပြောဆိုချက်များရှိခဲ့လေရာ ကျမ်းပြုဆရာ၏
ရည်ရွယ်ချက်တွင် အမျိုးသား ရေး နှင့် နိုင်ငံရေးလည်း ပါဝင်ခဲ့မည်လားဟု
စဉ်းစားစရာ ရှိသည်။
လွန်ခဲ့သည့် နှစ်ပေါင်း လေးဆယ်ကျော်က
အိုးဝေဂျာနယ် တွင် စတင်ဖော်ပြခဲ့သော စာရေးဆရာမင်းအောင် ရေးသားသည့်
ဆောင်းပါးတွင် ဗိုလ်ချုပ် အောင်ဆန်းက မြန်မာ့တပ်မတော်သားများ
သေရဲတိုက်ရဲသည့် စိတ်ဓာတ်ရှိစေရန် ယင်းလူသေလူဖြစ် အယူအဆကို
ကျမ်းတစောင်ပြုစုပေးပါဟု ဆရာတော် ရှင်ဥက္ကဌအား ပန်ကြားခဲ့သည်ဟု
ရေးသားထားသည်။
ဆရာတော်ကိုယ်တိုင်ရေးသားသည့် “
လူသေလူဖြစ်စစ်တမ်းနှင့် ထောင်ကျ မှတ်တမ်း” စာမူတွင် “
ကွယ်လွန်သူအမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ
ဗမာ့တော်လှန်ရေး တပ်မတော်ကြီးကို တည် ထောင်ဖွဲ့ စည်းခဲ့တယ် မဟုတ်လား။
အဲဒီတပ်မတော်အတွက် တိကျပြတ်သားတဲ့ အဘိဓမ္မာ ကျောထောက် နောက်ခံရှိတဲ့ Slogan
(၀ါ) ကြွေးကြော်သံတခု လိုနေတာ တွေ့ ရတယ်။ အဲဒါကြောင့် လူသေ လူဖြစ် အဘိဓမ္မာ
ကျောထောက်နောက်ခံရှိတဲ့ လူသေလူဖြစ်၊ လူဖြစ်လူသေ၊ တိုးလိုက်ဟေ တိုက်လိုက်ဟေ
ဆိုတဲ့ ဆလိုဂန်ကို ဖော်ထုတ်လိုက်ခြင်း ဖြစ်တယ် ” ဟု ဖော်ပြထားပါသည်။
မည်သို့ ဖြစ်စေ လူသေလူဖြစ်စာအုပ်ကို ရေးသားခဲ့သည့် ဆရာတော်ရှင်ဥက္ကဌသည်ကား
သူ အသက်ရှင်နေ စဉ်ကာလတွင် ပကာသနိယကံဖြင့် အကျဉ်ခံခဲ့ရသကဲ့သို့  ပျံလွန်တော်
မူပြီး နောက်တွင်လည်း သူ၏ လူသေလူဖြစ်အယူအဆကို အဓမ္မ၀ါဒအဖြစ်
သတ်မှတ်ခံခဲ့ရသည်။ ဤနေရာတွင် အဓမ္မ၀ါဒ ဆို သည်မှာ ထေရ၀ါဒဗုဒ္ဓဘာသာနှင့် ဆန်
့ကျင်သည်ဟူသော အနက် ကိုသာ ရည်ညွှန်းပါသည်။ သတ်မှတ်သူများမှာ ထေရ၀ါဒဗုဒ္ဓဘာသာ၏
သံဃနာယကအဖွဲ့ ဝင်များသာ ဖြစ်သောကြောင့်ပင်။
ထို့ ပြင်
စာပေကင်ပေတိုင်ကြီးစိုးသော နှစ်ကာလများတလျှောက် ဆရာတော် ရှင်ဥက္ကဌ
ရေးသားသည့် စာအုပ်များကို လည်းကောင်း၊ ဆရာတော်ရှင်ဥက္ကဌအကြောင်း
ရေးသားသည့် စာအုပ်စာတမ်းများကို လည်းကောင်း လုံးဝ ပိတ်ပင်ထားခဲ့သည်ဖြစ်ရာ
ဆရာတော်ရှင်ဥက္ကဌဆိုလျှင် လူသေလူဖြစ်စာအုပ်ရေးသူ ဖြစ်သည် ဟူသော
အချက်ကလွဲပြီး မယ်မယ်ရရ မသိကြ။
စင်စစ် ဆရာတော်ရှင်ဥက္ကဌသည်
ဗုဒ္ဓစာပေဆိုင်ရာ ပိဋကတ်ကျမ်းစာတို့ ကို ထုံးလိုချေ ရေလို နှောက်နိုင် သော
သာသနာ့အာဇာနည်တဦး ဖြစ်သည်သာမက နိုင်ငံရေး လူမှုရေး ပညာရေး အနုပညာစာပေရေးတို
့ တွင်ပါ ရှာမှရှားသော မြန်မာ့ဂုဏ်ဆောင်လူသားတဦး ဖြစ်ပေသည်။
ဆရာတော် ရှင်ဥက္ကဌသည် ဗုဒ္ဓဘာသာကိုသာမက ဟိန္ဒူဘာသာ၊ ခရစ်ယာန် ဘာသာ ၊
အစ္စလာမ်ဘာသာ များကိုပါ နက်နက်နဲနဲ လေ့လာသင်ယူထားသူ ဖြစ်သည်။
မြန်မာ၊အင်္ဂလိပ်၊ဟင်ဒီ၊ အာရဗီ၊ ပါဠိ၊ သက္ကဋ ၊ ဘင်္ဂါလီ၊ နာဂရီ၊ ပြင်သစ်၊
လက်တင်၊စသည့် ဘာသာစကားများကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထား
သူဖြစ်သည်။
“အင်္ဂလိပ်စာ ထွန်တုံးပေါ်ရောက်ရေး” ရည်ရွယ်ချက်ဖြင့်
ဗုဒ္ဓသာသနာပြု အမျိုးသား အထက်တန်း ကျောင်းကြီးကို ထူထောင်ပြီး
ကိုယ်တိုင်ကျောင်းအုပ်လုပ်ခဲ့သူဖြစ်သည်။
ကျမ်းစာအုပ်ပေါင်း သုံးဆယ်
ကျော်ကို မြန်မာလိုရေးသားခဲ့ပြီး၊ အခြားဘာသာစကားဖြင့်လည်း ရေးသားခဲ့သည်။
ရှင်သာမဏေ ဘ၀က စိန်တင့်ကြီး အမည်ရှိ ၀တ္ထုရှည်ကြီးကို ရေးသားခဲ့သည်။ (
စာရေးဆရာကြီး ဒဂုန်တာရာက ယင်းစိန်တင့်ကြီးဝတ္ထုကို အလွန်နှစ်သက်ခဲ့ကြောင်း
ရေးဖူးသည်။)
သို့ သော် ဆရာတော်ရှင်ဥက္ကဌသည် ဆင်စွယ်မျှော်စင်ပေါ်က
ကျမ်းပြုဆရာမျိုးမဟုတ်။ အာဏာရှင်နှင့် ပူး ပေါင်းပြီး သာသနာပြန်
့ပွားရေးအမည်ခံကာ အာဏာစက်ကို သုံးသူမျိုးမဟုတ်။ ဆရာတော်ကား ပညာဓိက သမားသာ
ဖြစ်ပြီး ကိုယ်ကျိုးစီးပွားကို စွန့် လွှတ်ကာ လောကအကျိုး သယ်ပိုးလိုသူသာ
ဖြစ်သည်။
ယင်းကဲ့ သို့ စွန့် လွှတ်မှုအတိဖြင့်
ဆောင်ရွက်ခဲ့သည့်အတွက် ဆရာတော်ရရှိသော အကျိုးဆက်မှာ ဖယ်ကြဉ်ခံရခြင်း၊ အပနာမ
အပြောခံရခြင်း၊ ဖမ်ဆီးထိန်းသိမ်းခံရခြင်းတို့ အပြင် သေဒဏ်ပေးခံရမည့်
ဦးခေါင်းကို သေနတ်ဖြင့် ထောက်ချိန်ခံရခြင်း၊ ဂုတ်ပေါ်
ဓားတင်ခံရခြင်းများအထိ ရှိခဲ့သည်။
ယင်းကဲ့သို့ တခေတ်တယောက်
ပေါ်ထွန်းလာခဲ့ သည့် ပုဂ္ဂိုလ်ထူးအကြောင်းကို စေ့စေငင တင်ပြ ထားသော
မောင်ဇေယျာ၏ ပဉ္စမပေပင် နတ်မှီတောရဆရာတော် ရှင်ဥက္ကဌ စာအုပ်တွင်ပါဝင်သော
ဆရာကြီး ပါရဂူ၏ “တော်လှန်သောအတွေးရှင်” အမည်ရှိ ဆောင်းပါးမှာ
ဆရာတော်ရှင်ဥက္ကဌကို အကောင်းဆုံးဖော်ပြချက်တခု ဖြစ်ပါသည်။
“
ရှင်ဥက္ကဌသည် တော်လှန်သော အတွေးရှင်ဖြစ်သည်။ သူသည် အတွေးသစ် အမြင်သစ်ကို
ဖော်ထုတ်ခဲ့ သည်။ အတွေးဟောင်း အမြင်ဟောင်းကို မြေမြှုပ်ပစ်ရန်
အတွေးသစ်အမြင်သစ်ကို ဖော်ထုတ်ရာ၌ တော်လှန် သော အတွေးရှင်များ ကြုံတွေ
့ရသည့် တန်ပြန်မှုကို ရှင်ဥက္ကဌလည်း ခံရသည်။ အသစ်ကို မွေးဖွားပေးသော
ရှင်ဥက္ကဌသည် အဟောင်းသမားများ၏ ဆန့် ကျင်မှုကို ခံရသည်။ ရှင်ဥက္ကဌသည်
တိုင်းပြည်အား သူ့ အမြင်သစ်ကို တင်ပြခဲ့သည်။ ထိုအခါ အမြင်ဟောင်း ဖြင့်
မိန်းမောနေသူများ လန့် နိုးသွားသည်။သူ၏ အမြင်သစ်များ အချို
့အစိတ်အပိုင်းအတွင်းသို့  စိမ့်ဝင်သွားသည်။ အချို့ က ဆူဆူပူပူ
လုပ်ကြသည်။”
မောင်ဇေယျာ စီစဉ်သည့် ပဉ္စမပေပင် နတ်မှီတောရ ဆရာတော်
ရှင်ဥက္ကဌ စာအုပ်တွင် နာမည်ကျော် စာရေးဆရာကြီးများ ဖြစ်ကြသော ဒဂုန်ဦးလှဖေ၊
တောင်တွင်းကိုကိုကြီး၊ သိန်းဖေမြင့်၊ ဗန်းမော်တင်အောင်၊ ပါရဂူတို့ ၏
ရှင်ဥက္ကဌ ဘဝ၊ ကိုယ်ရည်ကိုယ်သွေး၊ အတွေးအခေါ်၊ ပညာဉာဏ်
ကြီးမားပုံများအကြောင်း တင်ပြချက်များမှာ စိတ်ဝင်စား ဖွယ်ကောင်းပြီး
မြန်မာ့ဘာသာရေးသမိုင်း၏ ရှုပ်ကွက် မြုပ်ကွက်များကို ဝေဖန်ဆန်းစစ်ရန် လှုံ
့ဆော် ပေးနိုင် သည်။
ဆရာတော်ရှင်ဥက္ကဌ ကိုယ်တိုင်ရေးသည့်
မြန်မာအင်္ဂလိပ် ဆောင်းပါးများလည်း ထည့်သွင်းထားရာ အဖိုးတန်လှသည်။ မဝယ်မဖြစ်
ဝယ်ယူ ဖတ်ရှု သိမ်းဆည်းထားသင့်သည့်စာအုပ်ဖြစ်သည်။
(မောင်သာမညသည် အတွေးအမြင်ဆိုင်ရာ ဆောင်းပါးများ၊ စာအုပ်များကို ရေးသားသော ရန်ကုန်အခြေစိုက် စာရေးဆရာတဦးဖြစ်သည်။ )
http://burma.irrawaddy.org/article/2015/05/26/75532.html
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, May 26, 2015
ရှင်ဥက္ကဌ (သို့ မဟုတ်) တော်လှန်သော ရဟန်းတော်
ရှင်ဥက္ကဌ (သို့ မဟုတ်) တော်လှန်သော ရဟန်းတော်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 26, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 26, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment