ဂရိတ်ဗြိတိန်မှာနေထိုင်တဲ့
အလုပ်သမားတွေဟာ သူ့တို့ဘဝတစ်လျှောက်လုံးရဲ့ အချိန်တစ်နှစ်ခွဲလောက်ကို
အလုပ်သွား၊ အလုပ်ပြန်ရင်းနဲ့ ကုန်ဆုံးသွားကြတယ်လို့
လေ့လာမှုတစ်ခုကဖော်ထုတ်လိုက်ပါတယ်။ ကိုယ်တိုင် ကားမောင်းသွားတာပဲဖြစ်ဖြစ်၊
ဘတ်စ်ကား၊ ဒါမှမဟုတ် ရထားစီးတာပဲဖြစ်ဖြစ် ပျှမ်းမျှအားဖြင့်
အလုပ်သမားတစ်ဦးဟာ နာရီပေါင်း ၁၃,၈၇၁ နာရီလောက် အလုပ်သွား
အလုပ်ပြန်ဖို့အတွက် အချိန်ကုန်ခဲ့ကြရပါတယ်။ဗြိတိန်မှာအလုပ်လုပ်တဲ့ အလုပ်သမားပေါင်း တစ်ထောင်ကိုမေးမြန်ခဲ့ပြီး စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။ ၂၀၃၅ ခုနှစ်လောက်ရောက်ရင်တော့ အလိုအလျောက်မောင်းနှင်တဲ့ကားတွေနဲ့ စက်ရုပ်အလုပ်သမားတွေ အစားထိုးဝင်လာဖို့ရှိတယ်လို့လည်း သုတေသီတွေက ပြောကြပါတယ်။ လေ့လာမှုတွေအရ ဗြိတိန်အလုပ်သမား တစ်ဝက်ကျော်လောက်က အလုပ်သွား၊ အလုပ်ပြန် ကားတွေ၊ ရထားတွေပေါ်မှာ သီချင်းနားထောင်လေ့ရှိပြီး ခြောက်ဦးမှာ တစ်ဦးလောက်က သတင်းစာသို့မဟုတ် စာအုပ်ဖတ်သွားလေ့ရှိကြပါတယ်။
မော်တော်ကားကို အသုံးပြုပြီး အလုပ်သွားတဲ့ အလုပ်သမားဦးရေက အများဆုံးဖြစ်ပြီး ၅၆ ရာခိုင်နှုန်းရှိပါတယ်။ နိုင်ငံအတော်များများက မြို့ကြီးတွေမှာတော့ ကားကျပ်တဲ့ပြဿနာကို နေ့စဉ်ကြုံတွေ့နေကြရပါတယ်။
Ref - dailymail
http://www.planet.com.mm
No comments:
Post a Comment