ဒီနေ့ရဲ့ဗီဒီယို
အညွှန်းကဏ္ဍမှာ တော့ လူငယ်အချစ်ကားလေး တစ်ကားကို ညွှန်းပေးလိုက်ပါ တယ်။
လှိုင်းက ချောင်းသာကမ်း ခြေမှာ နေပါတယ်။ အမေတစ်ခု၊ သမီးတစ်ခုဘဝဖြစ်တာကြောင့်
သူ့အမေကလည်း သူ့ကို အိမ် အလုပ်တွေမကူပေမယ့် ဘာမှ မပြောပါဘူး။
လှိုင်းလုပ်တဲ့ အလုပ်တွေကတော့ သူတို့ရွာထဲက ကလေးတွေနဲ့ သောင်ပြင်မှာ ဧည့်
သည်တွေကို ဂုံးအရှင်လွှတ်ဖို့ ရောင်းတာတို့၊ ပုစွန်ကင်ရောင်း
တာတို့လုပ်ပါတယ်။ တစ်ရက်မှာ တော့ ကမ်းခြေက ကျောက် ဆောင်လေးတစ်ခုနားမှာ သူ့
ထက်အသက်နည်းနည်းကြီးတဲ့ အမျိုးသားတစ်ယောက်နဲ့ဆုံခဲ့ပါ တယ်။ အဲဒီလူက
ဂုံးရောင်းတဲ့ကလေးတွေကို အကြွေးရောင်းရင် လွှတ်မယ်လို့ ပြောနေတာ ပါ။
ကလေးတွေက မရောင်း တာကြောင့် လှိုင်းက အဲဒီလူကို
ဂုံးအကြွေးရောင်းပေးခဲ့ပါတယ်။ အဲဒီလူကြီးကို လှိုင်းက
ဦးလေးကြီးလို့ခေါ်ခဲ့ပါတယ်။ တကယ်တော့ ဦးလေးကြီးက
ချမ်းသာတဲ့မိသားစုကပါ။ချောင်းသာမှာသူတည်းနေတဲ့ ဟိုတယ်ကလည်း သူ့အမေ
သူငယ်ချင်းရဲ့ ဟိုတယ်ပါ။ တည်းတာကလည်း VIP ခန်းမှာ တည်းနေတာပါ။ ချောင်းသာကို
ရောက်လာတာကတော့ သူမကြိုက်တဲ့ ကောင်မလေးနဲ့ သူ့အမေက
စေ့စပ်ပေးမယ်ဆိုတာကြောင့် ထွက်လာခဲ့တာပါ။ သူ့အမေကတော့ သူစီစဉ်ထားတာကို
လက်ခံဖို့နားချနေတုန်းပါပဲ။
ဒါပေမဲ့ လှိုင်းနဲ့တွေ့တဲ့အချိန်မှာတော့ စချင်တဲ့စိတ်နဲ့ သူ့ဘဝအမှန်ကိုမပြောခဲ့ဘဲ ဆင်းရဲသားတစ်ယောက်လိုဆက်ဆံခဲ့ တာပါ။ နောက်ရက်မှာ လှိုင်းကိုပိုက်ဆံပေးဖို့အတွက် ဟိုတယ် ကဝန်ထမ်းတစ်ယောက်ကို ပိုက်ဆံအကြွေ လဲခိုင်းခဲ့ရပါတယ်။ သူက ဆင်းရဲတယ်လို့ပြောထား တာဖြစ်တာကြောင့်ပါ။ အဲဒီလိုနဲ့ လှိုင်းနဲ့ ဦးလေးကြီးတို့ရင်းနှီး လာခဲ့ပါတယ်။ အဲဒီလိုနဲ့ ဦးလေး ကြီးက သူ့ကို အနီးအနားက ကျွန်းတွေလိုက်ပို့ပေးဖို့ လှိုင်းကိုပဲ အကူအညီ တောင်းခဲ့ပါတယ်။ တစ်ရက်မှာတော့ ဦးလေးကြီးကသူနဲ့ လှိုင်း တွေ့နေကျနေရာလေး မှာ စောင့်နေပါတယ်။ လှိုင်း ရောက်မလာတာကြောင့် လှိုင်းရဲ့သူငယ်ချင်းကလေးလေးတွေဆီ မှာ လှိုင်းနေတဲ့နေရာကို စုံစမ်းပြီး လိုက်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း လှိုင်းကိုတော့ မတွေ့ခဲ့ရပါဘူး။ လှိုင်းရဲ့အမေနဲ့ပဲတွေ့ခဲ့ရပြီး လှည့်ပြန်ခဲ့ရပါတယ်။ ကလေးတစ်ယောက်က လှိုင်းရှိမယ့်နေရာကို ပြောပြခဲ့တာကြောင့် လှိုင်းကို သွားတွေ့ခဲ့ပါတယ်။ လှိုင်းကို တွေ့တဲ့အချိန်မှာတော့ သူ့ကို ဘာကြောင့်လာမတွေ့တာလဲလို့ မေးပါတယ်။ လှိုင်းပြောတဲ့စကားနဲ့ လှိုင်းရဲ့အပြုအမူကြောင့် ဦးလေးကြီးအံ့သြသွားခဲ့ပါတယ်။ လှိုင်းက ဦးလေးကြီးကိုချစ်လို့ဆိုပြီး ပါးကို နမ်းသွားတာပါ။ အဲဒီလိုတွေလုပ်မိမှာစိုးလို့ မတွေ့တာလို့လည်း ပြောသွားခဲ့ပါတယ်။
အဲဒီလိုနဲ့ တစ်ရက်မှာတော့ လှိုင်းကို ကမ်းခြေက မူးနေတဲ့ လူတစ်စုနှောင့်ယှက်တာကို ကယ်ခဲ့ပါတယ်။ အဲဒါကြောင့် ဒဏ်ရာနည်းနည်းရသွားလို့ လှိုင်းက သူ့အိမ်ကို လိုက်ပြီး ဆေးထည့်ဖို့ပြောခဲ့ပါတယ်။ အိမ်အထိ လိုက်သွားတဲ့ အချိန်မှာတော့ လှိုင်းရဲ့အမေက ဦးလေးကြီးကို မကြည်ဖြူပါဘူး။ အဲဒီလိုနဲ့ နောက်ရက်မှာတော့ လှိုင်းကို ဦးလေးကြီးနဲ့ မတွေ့နိုင်မယ့်နေရာကို ပို့လိုက်ပါတယ်။ လှိုင်းဘယ်နေရာကို ရောက်သွားတာလဲ။ သူတို့နှစ်ဦး ပြန်ဆုံနိုင်မှာလား။ ဦးလေးကြီးရဲ့ ဘဝအမှန်ကိုသိသွားတဲ့အချိန်မှာ လှိုင်းက ဦးလေးကြီးကို ချစ်ဦးမှာလား။ ဦးလေးကြီးရဲ့ မိဘတွေကကော သဘောတူမှာလားဆိုတာတွေကိုတော့ အောင်တိုင်းကျော် ထုတ်လုပ်ရေးက မေလ ၂၅ ရက်မှာ စတင်ဖြန့်ချိပေးမယ့် မျက်ရည်နစ်တဲ့ပင်လယ်ဆိုတဲ့ ဇာတ်ကား လေးမှာ ဆက်လက်ရှုစားပေးပါ။
ဒီဇာတ်ကားမှာ ဦးလေးကြီးအဖြစ် နေတိုး၊ လှိုင်းအဖြစ် ရွှေမှုံရတီတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဂျူလိုင်၊ ခင်သက်သက်ရဲ့ ဇာတ်လမ်းကို သမီးမြတ်ကျော်က ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာညွန့်မြန်မာညီညီအောင်က ရိုက်ကူးပုံဖော်ထားပါတယ်။ ။
http://7daydaily.com/story/37937

No comments:
Post a Comment