Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 23, 2015

အခွန်ဆောင်ရမည့်သတင်းကြောင့် ဖုန်းဘီလ်ကြိုတင်ဖြည့်သူများနေ

ဇွန်လ ၁ရက်မှစတင်ကာ ဖုန်းငွေဖြည့်ခြင်းအတွက် ၅ ရာ ခိုင်နှုန်းအခွန်ကောက်ခံမည့်သ တင်းကြောင့် မိုဘိုင်းသုံးစွဲသူအချို့ ဖုန်းဘီလ် ကြိုတင်ဖြည့်မှုများရှိနေ ကြောင်း သတင်းရရှိသည်။

ဆယ်သွယ်ရေးဦးစီးဌာန သည် မေလ ၁၈ ရက်က ဆက် သွယ်ရေးအော်ပရေတာ သုံးခုနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ဖုန်းငွေဖြည့်သူများအပေါ် အခွန် ကောက်ခံမည်ဟု ကြေညာခဲ့၍ လက်ရှိ၌ ကြိုတင်ဖုန်းဘီလ်ဖြည့် ခြင်းဖြစ်ကြောင်း သုံးစွဲသူအချို့က ပြောသည်။

‘‘ဒီရက်ပိုင်းပိုပြီး ရောင်းရ တယ်။ တစ်ဆင့်ပြန်ရောင်းမယ့်သူ တွေကတော့ ပုံမှန်ပဲဝယ်ကြတယ်။ သုံးမယ့်သူကတော့ တစ်သောင်းတန်ကိုပိုပြီးဖြည့်ကြတယ်’’ဟု ရန် ကုန်မြို့ ယုဇနပလာဇာရှိ ဖုန်း ဘီလ်ငွေဖြည့်ကတ် လက်ကား ဖြန့်ဖြူးနေသူတစ်ဦးကပြောသည်။


ယခင်က ကျပ်တစ်ထောင် တန်နှင့် သုံးထောင်တန်ငွေဖြည့် ကတ်များ ရောင်းအားကောင်းခဲ့ သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအ တွင်း ကျပ်ငါးထောင်တန်နှင့် တစ်သောင်းတန် ငွေဖြည့်ကတ် များကို ပိုမိုဝယ်ယူမှုများ ရှိနေ ကြောင်း ကိုယ်စားလှယ်အရောင်း ဆိုင်အချို့နှင့် တစ်ဆင့်ပြန်လည် ရောင်းချသူများထံမှ သိရသည်။

‘‘အဒေါ်က ငါးထောင်တန် ငွေဖြည့်ကတ်ထည့်ထားရင် နှစ် လလောက်သုံးရတယ်။ ဈေးထဲ မှာ ဖုန်းဘီလ်အခွန်ကောက်တော့ မယ်ဆိုပြီး ပြောသံကြားလို့ လက် ကျန်ငွေ မကုန်သေးပေမယ့် နောက်ထပ်ငါးထောင်ထည့်ထား တယ်’’ဟု တောင်ဥက္ကလာပမြို့ နယ်နေသူတစ်ဦးက ပြောသည်။
http://7daydaily.com

No comments:

Post a Comment