CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, May 19, 2015
နွေရာသီတွင် သျှားစောင်းလက်ပတ်ကို သောက်သုံးခြင်း
လူတော်တော်များများဟာ သျှားစောင်းလက်ပတ်ကို အတွင်းကြေဒဏ်ရာမျိုးနှင့် နေလောင်သောအခါတွင် အသုံးပြုလေ့ရှိပါတယ်။
သျှားစောင်းလက်ပတ်ဟာ ဂုဏ်သတင်းကြီးမားပြီး ရေပန်းစားသော ဆေးစွမ်းကောင်းတစ်ခု ဖြစ်ပါတယ်။
အများစုကတော့ အချိုရည် အဖြစ် ဖျော်သောက်လို့ ရတယ်ဆိုတာ ကိုမသိကြသေးပါဘူး။
လူတော်တော်များများဟာ သျှားစောင်းလက်ပတ်ကို အတွင်းကြေဒဏ်ရာမျိုးနှင့် နေလောင်သောအခါတွင် အသုံးပြုလေ့ရှိပါတယ်။ အခြားအရာများတွင်လည်း ကောင်းမွန်စွာအသုံးဝင်တယ့် အရာဖြစ်ပါတယ်။
သျှားစောင်းလက်ပတ်ကိုဖျော်ရည် အဖြစ် အိမ်တွင် အလွယ်တကူအသုံးပြုနိုင်မည့် နည်းလမ်းကိုဖော်ပြလိုက်ပါတယ်။
(၁) သျှားစောင်းလက်ပတ် အရွက်ကြီးတစ်ခု
(၂) ရေ
သျှားစောင်းလက်ပတ်အရွက် အလယ် မှ အသားများကိုဇွန်းဖြစ် ခြစ်ချပါပြီးလျှင် ရေနှင့်ရောမွှေကာ သောက်သုံးနိုင်ပါတယ်။
အရသာမကြိုက်လျှင် သင့်အနေနဲ့ လိမ္မော်သီး သို့ မဟုတ် ရှောက်သီးဖျော်ရည် သကြားတို့ဖြင့် ရောစပ်ကာသောက်သုံးနိုင်ပါတယ်။
သျှားစောင်းလက်ပတ်ကို လွန်ခဲ့သော နှစ်ပေါင်းများစွာတည်းက ရိုးရာဆေးအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်တယ်။
ယခုခေတ်တွင် ခေတ်မီဆေးဝါးများနှင့်ပေါင်းစပ်ကာ အလှကုန် ပစ္စည်းများ၊ ဆပ်ပြာ၊ လှိုးရှင်း၊ ရေမွေးစသဖြင့် များစွာထုတ်လုပ်လျက်ရှိပါတယ်။
အချုပ်အားဖြင် ပြောရမယ်ဆိုရင်တော့ သျှားစောင်းလက်ပတ် ကိုသောက်သုံးခြင်းဟာ သင့်ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ကြံခိုင်မူစနစ်ကို များစွာအထောက်အကူ ဖြစ်စေပါတယ်။
Thithtoolwin
နွေရာသီတွင် သျှားစောင်းလက်ပတ်ကို သောက်သုံးခြင်း
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 19, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 19, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment