ဆာနား ၊ ၁၂-၅-၂၀၁၅
အမေရိကန်၊ ပြင်သစ် နှင့် ဂျာမနီနိုင်ငံ တို့မှ စေတနာ့ ဝန်ထမ်းများ၊ ဆေးဘက် ပညာရှင်များ နှင့် ငြိမ်းချမ်းရေး ဖော်ဆောင် လှုပ်ရှားသူများ ပါဝင်သည့် လူသားချင်း စာနာ ထောက်ထားမှု အဖွဲ့တစ်ဖွဲ့သည် အီရန်နိုင်ငံမှ သတင်းသမားများ၊ ဆရာဝန်များ နှင့်အတူ တိုက်ခိုက်မှုများ ဖြစ်ပွားနေသော ယီမင်နိုင်ငံသို့ အီရန် ကယ်ဆယ်ရေး သင်္ဘောဖြင့် သွားရောက် ကူညီမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် အီရန် အစ္စလာမ်မစ် သမ္မတနိုင်ငံမှ လခြမ်းနီ အဖွဲ့နှင့်အတူ လူသားချင်း စာနာ ထောက်ထားရေး တာဝန်ကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ယီမင်နိုင်ငံသား များအတွက် ဆေးဝါး အထောက်အပံ့ များ၊ ဂျုံနှင့် ရေ စသည့် အကူအညီ ပေးရေး ပစ္စည်းများကို သယ်ဆောင် သွားမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်း များ၏ ပူးပေါင်း ထုတ်ပြန်ချက် တစ်စောင်အရ သိရသည်။
အီရန် ရှာဟက်ဒ် အမည်ရှိ အဆိုပါ သင်္ဘောသည် နိုင်ငံတောင်ပိုင်းရှိ ဘန်ဒါအဘတ်စ် ဆိပ်ကမ်းမြို့မှ ပင်လယ်နီ ကိုဖြတ်၍ ယီမင်နိုင်ငံ ဟူဒေးဒါ့ရှ် ဆိပ်ကမ်းသို့ သွားရောက်မည် ဖြစ်သည်။ အဆိုပါ သင်္ဘောတွင် ဆေးဝါးတန် ၂၅ဝဝ၊ စားသောက်ကုန် နှင့် ရွက်ဖျင်တဲများ ပါရှိမည် ဖြစ်ကြောင်း၊ သင်္ဘောပေါ်တွင် လက်နက် ပစ္စည်းများ ပါရှိခြင်း မရှိစေရန် ဂရုတစိုက် စစ်ဆေးသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့၏ ဖော်ပြချက် အရ သိရသည်။
#PyiChitThar

No comments:
Post a Comment