Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 10, 2015

တေးနုယဉ်…(သို့မဟုတ်)…အဆိပ်သင့်သော ယောပန်းတစ်ပွင့်


မကွေးတိုင်းအစွန်အဖျား အေးချမ်းလှတဲ့ ကျောက်ထုမြို့ငယ်ကလေးမှာ မွေးဖွားကြီးပြင်းခဲ့ပြီး ရိုးသားအေးဆေးတဲ့ ယောသူမလေး ``နုနုယဉ်´´…။
ဈေးရောင်းဈေးဝယ် ကုန်သည်မိသားစုတွေထဲကမှ တမူထူးခြား စာပေကို ဝါသနာကြီးလွန်းလို့ ``စာရူးပေရူး´´လို့ ကင်ပွန်းတပ်လည်း အပြုံးမပျက်ခဲ့တဲ့ စာရေးဆရာရူးမလေး ``နုနုယဉ်´´…။
အနေအေးပေမဲ့ ဝါသနာကို အကောင်အထည်ဖော်နိုင်ခဲ့သူ…ယောမြေကနေ ရန်ကုန်ကိုရောက်ပြီး ရသ/သုတ စုံလင်လှတဲ့ ``သရပါ´´လိုမဂ္ဂဇင်းမျိုးမှာ ``တေးနုယဉ်(ယောမြေ)´´ဆိုတဲ့ တာဝန်ခံအယ်ဒီတာတစ်ယောက် ဖြစ်လာအောင် ကြိုးစားနိုင်ခဲ့တဲ့ ဇွဲပန်းတစ်ပွင့်…။
``နာမည်ကျော် စာရေးဆရာမကြီးဖြစ်အောင် ကြိုးစားပြီး မိဘတွေကို ကျေးဇူးဆပ်မယ်´´ဆိုတဲ့ ငယ်အိပ်မက်ကို တဝက်တပျက်ပဲ မက်နိုင်ခဲ့တာလား ``တေးနုယဉ်´´ရယ်…။
သမိုင်းစာအုပ်ထဲက စပါတာကတ်အကြောင်း ဖတ်ပြီး`` မကျေနပ်ရင် အသေရိုက်သတ်ကြတဲ့ ပဒေသရာဇ် ကျွန်ပိုင်ရှင်ခေတ်စနစ်ကို မုန်းလွန်းလို့ ဒီဘက်ခေတ်မှာ လူဖြစ်ရတာ တို့တွေ ကံကောင်းတယ်နော်´´လို့ ပြောခဲ့ဖူးတာ မှတ်မိသေးတယ် ``တေးနုယဉ်´´…။
ဒါပေမဲ့…နင် ကံမကောင်းခဲ့ဘူး …တေးနုယဉ်ရေ…
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ရဲ့သမိုင်းမှာ ဖြစ်ခဲလှတဲ့ အဖြစ်ဆိုးမျိုးနဲ့ နင် လောကကို ကျောခိုင်းခဲ့ရပြီ။
စာရေးဆရာမကြီးဘဝနဲ့ နာမည်မကျော်ရသေးခင် အလုပ်ရှင်သူဌေး မဂ္ဂဇင်းအယ်ဒီတာ နိုင်ငံကျော် မင်းသားကြီးရဲ့ ကြက်ကလေး ငှက်ကလေးလို ရုပ်ပျက်ဆင်းပျက် ကြည့်ရက်စရာမရှိအောင် ရိုက်သတ်ခြင်းခံခဲ့ရတဲ့ နင့်အဖြစ်ဆိုးကြီးက ကျော်ကြားခဲ့ရပြီ။
အသတ်ခံရတာတော့ နင်တစ်ယောက်ထဲပါ။ဒါပေမဲ့ ငါတို့ဆွေမျိုး မိသားစု မိတ်ဆွေသူငယ်ချင်းအားလုံးရဲ့ စိတ်နဲ့နှလုံးသားတွေပါ အဆိပ်သင့်ခဲ့ရပြီ။
မွေးရပ်မြေနဲ့ မိသားစုကိုခွဲခွာပြီး မိဘကျေးဇူးဆပ်နိုင်ဖို့ ကြိုးစားခဲ့ရှာတဲ့ နင့်ရည်မှန်းချက်တွေ မပြည့်ဝနိုင်သေးခင် နင့်အဖြစ်ဆိုးကြီးကြောင့် အခုတော့…နင့်စိတ်နဲ့ နင့်အမေပါ အသက်ပေးလိုက်ရပြီ ``တေးနုယဉ်´´ရေ…။
လာမဲ့ ဖေဖော်ဝါရီ ၂၅ဆိုရင် နင်အသတ်ခံရတာ ၂လပြည့်ပြီ။တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့မှာ နင့်အမှုရုံးချိန်းရှိတယ်။ပြီးခဲ့တဲ့ ရုံးချိန်းမှာတော့ ``တရားခံက နင့်ကိုသေစေလိုတဲ့ဆန္ဒမပါဘဲ ဒေါသအလျောက်ရန်ဖြစ်လို့ တွန်းရင်းက မတော်တဆ သေခဲ့ရတယ်´´လို့ သူ့ရှေ့နေက လျောက်လဲခဲ့တယ်။
နင့်တစ်ကိုယ်လုံး ရုပ်ပျက်ဆင်းပျက် ကျေမွနေတာ မတော်တဆတဲ့လား ``တေးနုယဉ်´´
ငါတို့ကတော့``နင့်အတွက် ဒီဘဝမှာလည်း တရားမျှတမှုကို ရရှိနိုင်ပါစေ…ဘဝအဆက်ဆက်မှာလည်း အဆိပ်သင့်ပန်းကလေး မဖြစ်ပါစေနဲ့´´လို့ အမြဲဆုတောင်းနေပါတယ်…တေးနုယဉ်ရေ………
မဖြိုး ကံမ
http://mp4you.co.uk/news/109actor-min-oak-soe-beats-hi-sister-to-death.html 




No comments:

Post a Comment