Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 25, 2015

တောင်အမေရိကတိုက် တွင် ပတ်ဝန်းကျင်ရေးရာ လှုပ်ရှားသူများကို ခြိမ်းခြောက် သတ်ဖြတ်ခံရမှုများ များပြားလာ


 

.တောင်အမေရိက တိုက်တွင် ပတ်ဝန်းကျင် ရေးရာ လှုပ်ရှားသူများ ခြိမ်းခြောက်၊ သတ်ဖြတ်ခံ နေရမှု တစ်နေ့တခြား တိုးပွား လာနေကြောင်း လန်ဒန် အခြေစိုက် Global Witness အဖွဲ့ကြီး၏ မကြာမီက ထုတ်ပြန်သော
သတင်းအရ သိရသည်။
.
မြေယာ ပိုင်ဆိုင်ခွင့် နှင့် ပတ်ဝန်းကျင် ရေးရာ လှုပ်ရှားသူ များကို ကိုယ်ထိ လက်ရောက် သတ်ဖြတ် နေမှုများမှာ ပြီးခဲ့သော၂ဝ၁၄ ခုနှစ် အတွင်းက ၁၁၆ မှု ဖြစ်ပွား ခဲ့ကြောင်း တင်ပြ ထားရှိသည်။ အများဆုံး လူသတ်မှု များကို
တောင်အမေရိက တိုက် အလယ်ပိုင်း နှင့် တောင်ပိုင်း ဒေသများတွင် ဖြစ်ပွားခဲ့ပြီး မိမိတို့ ဒေသမှ ရေနံနှင့် သတ္တုများ ထုတ်ယူမှု အတွက် ခုခံ ကန့်ကွက် သူများမှာ အများဆုံး အသတ်ခံခဲ့ ရကြောင်း သိရသည်။
.
ထို့ပြင် လယ်ယာ စိုက်ပျိုးရေး အတွက် မြေယာများကို အတင်းအဓမ္မ လုယူ နေကြခြင်း၊ သစ်တောကြီး များကို တရားမဝင် ခုတ်ယူ နေခြင်းတို့ အတွက်ပါ လူအများ အသတ်ခံ နေကြရခြင်း ဖြစ်သည်။
.
ပတ်ဝန်းကျင် ရေးရာ လှုပ်ရှားသူ များကို တောင်အမေရိက တိုက်တွင် အများအပြား အသက်အန္တရာယ် ခြိမ်းခြောက်ခံ နေကြခြင်းသည် လူအများက အံ့သြယူရ လောက်အောင် ပြင်းထန် နေကြောင်း Global Witness အဖွဲ့ကြီးက မှတ်ချက်ပေး ထားရှိသည်။ အချို့သော ပြစ်မှုများကို တိုင်ကြားခြင်း မရှိ၍ မှတ်တမ်း မတင်နိုင် ခဲ့ကြောင်း၊ အထူးသဖြင့် တောခေါင်သော ဒေသများတွင် ဖြစ်ပွားခဲ့သော အမှုများဟု အဖွဲ့ကြီးက ရှင်းပြသည်။ ပတ်ဝန်းကျင် ရေးရာ
လှုပ်ရှားသူ များကို အကြမ်းဖက်ခြင်း၊ ပုတ်ခတ် ပြောဆိုခြင်း နှင့် ခြိမ်းခြောက် နေခြင်းတို့ကြောင့် ပတ်ဝန်းကျင် ရေးရာ လှုပ်ရှားသူများ အတွက် များစွာ ထိတ်လန့် တုန်လှုပ် စေသည်။
.
ကမ္ဘာကြီးတွင် သယံဇာတ အရင်းအမြစ်များ ရှားပါး လာမှုနှင့် လောင်စာများကို အမိအရ ရှာဖွေ ထုတ်လုပ် နေကြခြင်းသည် ပတ်ဝန်းကျင် ရေးရာ လှုပ်ရှားသူ များနှင့် ထိပ်တိုက် တိုးနေသော ပြဿနာများ ဖြစ်လာနေပြီး
နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် ၄င်းတို့ကို အကာအကွယ် ပေးရန် တာဝန်ရှိ လာသည်။
.
တောင်အမေရိက တိုက်ရှိ ဟွန်ဒူးရပ်စ်နိုင်ငံ တွင် ၂ဝဝ၂ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်ထိ ပတ်ဝန်းကျင် ရေးရာ လှုပ်ရှားသူ ပေါင်း အနည်းဆုံး ၁၁၁ ဦး အသတ်ခံ ခဲ့ကြရပြီး ဖြစ်သည်။ ကမ္ဘာပေါ်တွင် ပတ်ဝန်းကျင် ရေးရာ ကာကွယ်
စောင့်ရှောက် သူများကို ရက်စက်စွာ သတ်ဖြတ် နေသော နိုင်ငံအဖြစ် မှတ်တမ်းတင်ခြင်း ခံထားရသော နိုင်ငံလည်း ဖြစ်သည်။
.
Honduras is world’s number one for killing environmental activists
.
‪#‎PyiChitThar‬
http://www.pyichitthar.com/2015/05/blog-post_31.html

No comments:

Post a Comment