Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 16, 2015

ရုန်းရင်းဆန်ခတ်ဖြစ်စဉ် ရဲတပ်ဖွဲ့ဝင်ကို ကိုယ်ထိလက်ရောက် ဟန့်တားသည်ဟုဆိုကာ မန္တလေးမြို့မှ BBC သတင်းထောက် တရားစွဲဆိုခံရ


မန္တလေးမြို့တွင် ဖြစ် ပွားခဲ့သည့် ဆန္ဒပြရုန်းရင်းဆန် ခတ်မှုဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးအား ကိုယ်ထိလက်ရောက် ဟန့်တားသည်ဟု ဆိုကာ BBC သတင်းထောက်တစ်ဦးကို ၀တ္တရားနှောင့်ယှက်မှုဖြင့် အမှုဖွင့်တရား စွဲဆိုလိုက်ကြောင်း သတင်းရရှိ သည်။
ဖမ်းဆီးခံသပိတ်မှောက် ကျောင်းသားများနှင့် ၀န်းရံပြည်သူများ ပြန်လွှတ်ပေးရန် ပြီးခဲ့သည့်မတ်လ ၂၇ ရက်က မန္တလေးမြို့ခံအချို့ဆိုင်ကယ်ဖြင့် လှည့်လည်ဆန္ဒပြစဉ် ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့က တားဆီးရန် ကြိုးစားခဲ့သည်။ ဆန္ဒပြဆိုင်ကယ်အချို့ကို ရဲတပ်ဖွဲ့ဝင်များက ဆွဲလှဲခဲ့ရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ယင်း ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား လက် သီးဖြင့်ထိုးသည်ဟုဆိုကာ BBC သတင်းထောက်ကို မန္တလေးမြို့ အမှတ် (၁၁) ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။ ယခုအခါ ယင်းအမှုကို ရဲတပ်ဖွဲ့က တရားလိုပြုလုပ်ကာ ချမ်းမြသာစည်မြို့နယ်တရားရုံးတွင် တရားစွဲဆိုခြင်း ဖြစ်သည်။
‘‘ရဲဝန်ထမ်းကို ကိုယ်ထိ လက်ရောက်ဟန့်တားမှု ပုဒ်မ ၃၃၂ နဲ့ ရဲက တရားလိုလုပ်ပြီး တရားစွဲတာပေါ့။ ဒီနေ့ တရားရုံး ကနေ အာမခံလျှောက်တယ်။ အာမခံရတယ်။ ဒါကို စွဲချက်တင်သင့်၊ မတင်သင့်ကတော့ တရားသူကြီး က ဆက်လက်ဆုံးဖြတ်မှာပေါ့’’ဟု တရားစွဲဆိုခံရသည့် BBC သတင်း ထောက်၏ ရှေ့နေ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ ဦးသိန်း သန်းဦးက ပြောသည်။
ယင်းအမှုအတွက် မေလ ၂၅ ရက်တွင် ထပ်မံရုံးချိန်းစစ်ဆေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရဲတပ်ဖွဲ့ဝင်များနှင့်ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့စဉ်က (ဓာတ်ပုံ−မောင်တာ)
7Day Daily

No comments:

Post a Comment