Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 30, 2015

Xiaomi ရဲ့ ရေစိုခံ Yi ကင်မရာငယ် ထွက်ပေါ်လာ


စမတ်ဖုန်းလောက မှာ အောင်မြင်မှုတွေ ရလာခဲ့တဲ့ Xiaomi ရဲ့ Yi ကင်မရာတွေထဲကမှာ ကြို တင်သတင်း ထွက်ထားတဲ့ အတိုင်းပဲ ကမ္ဘာ့ ကင်မရာ ဈေးကွက်မှာ နာမည် အကြီးဆုံး ကင်မရာငယ် GoPro ကဲ့သို့သော အသွင် သဏ္ဍာန်ရှိတဲ့ ဒေါ်လာ ၆၅ ကျပ် တန် ကင်မရာ ငယ်တစ်မျိုးကို ထပ်မံ ထုတ်လုပ်လိုက်ပါပြီ။ GoPro လိုမျိုးကောင်းမွန်တာ တစ်ခုက Yi ကင်မရာမှာလည်း ၄၀ မီတာ အထိ ရေစိုခံနိုင်ပါတယ်။
 64GB အထိ သိုလှောင်နိုင်တဲ့ ပမာဏ ရှိပြီး SD ကတ် ထည့်သွင်းပြီးတော့လည်း 128 GB အထိ တိုးချဲ့ နိုင် ပါတယ်။ ဒါပေမယ့်လည်း Yi ကင်မရာကို Xiaomi ကုမ္ပဏီရဲ့ လက်အောက်ကနေ ထုတ်လုပ်မှာ မဟုတ်ပဲ Xiaoyi ဆိုတဲ့ ကုမ္မဏီနာမည်နဲ့ ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 
Xiaomi ရဲ့ ထုံးစံအတိုင်း တရုတ်ဈေးကွက်ကိုပဲ ဦးတည်ရောင်းချ သွားမှာ ဖြစ်ပြီး အမေရိက မှာတော့ ရောင်း ချဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။ Xiaomi ကုမ္မဏီ ကို engadget သတင်းဌာနက စမ်းသပ် ပစ္စည်း အဖြစ်တောင်း ဆိုကြည့်ခဲ့သော်လည်း ကုမ္ပဏီ ဘက်က ပြန်လည် ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။
Crdedit : http://www.engadget.com
http://technology.thithtoolwin.com/2015/04/xiaomi-yi.html

No comments:

Post a Comment