Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 30, 2015

ကနေဒါ ဖုန်းဆက်သွယ်ရေးဈေးကွက် လိုအပ်ချက် ဖြစ်လာနိုင်တဲ့ Google Fi


အမေရိကန် လူမျိုးတွေ သီးသန့်အတွက် စရိတ် သက်သာလှတဲ့ မိုဘိုင်းဖုန်း ၀န်ဆောင်မှုသစ် တစ်ရပ်ကို Google က စတင်ပါတော့မယ်။ သတင်းတွေထွက်လာခဲ့သလိုပဲ၊ Google Fi ဟာကနေဒါရဲ့  ဖုန်းဆက် သွယ်ရေးလောက ကို ၀င်ဆံ့လာနိုင်ပါတယ်။ Google Fi နဲ့ ဖုန်းပြောခြင်း၊ မက်ဆေ့ခ်ျ ပို့ခြင်း၊ Wi-Fi ချိတ် ဆက်ခြင်း တို့ကိုတစ်လလုံး အသုံးပြု လျှင်တောင် ကန်ဒေါ်လာ ၂၀ကုန်ဖို့ ခဲယဉ်းပါတယ်။ 
အသုံးပြု သူတွေဟာမိမိအသုံးပြုလိုက်တဲ့ Data အတွက်ပဲငွေပေးချေ ရမှာဖြစ်ပြီး အသုံးမပြု ထားတဲ့ Data တွေ အတွက် ပြန်လည်ပေးအပ်ငွေ ကိုတောင် ရရှိနိုင်ပါတယ်။ “Google Fi ဟာ ကျွန်ုပ်တို့ သိပ်လို ချင်နေတဲ့ ၀န်ဆောင်မှုမျိုးပေါ့။ ကနေဒါမှာ ဖုန်းဆက်သွယ်ရေး အတွက် ကုန်ကျ စရိတ်က သိပ်ကိုကြီး လွန်း ပါတယ်။ ကမ္ဘာ့ဈေး အကြီးဆုံးတစ် ချို့ ထဲမှာတောင် ပါနေပါတယ်။ 
ဝန်ဆောင်မှုလဲ သိပ်မကောင်းဘူးပေါ့ဗျာ။” ဟု အင်တာနက် ရယူ သုံးစွဲခွင့် ပိုမိုကောင်းမွန်ရေးနှင့် စားသုံးသူ အခွင့်အရေး လှုပ်ရှားရေး အုပ်စု မှ Josh Tabish မှပြောသွားပါတယ်။ Google Fi ဟာ Sprint နဲ့ T-Mobile တို့ရဲ့ ကွန်ရက် များပေါ်ကနေ လုပ်ဆောင် သွားမှာဖြစ်ပြီးပိုကောင်းတဲ့ ချိတ်ဆက်မှုရှိနေတဲ့ ကွန်ရက်ဆီ  ကိုအလို အလျှောက် ပြောင်းလဲ ချိတ် ဆက်ပေး တဲ့ ၀န်ဆောင်မှုလဲ ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

Credit : http://www.cbc.ca/news
http://technology.thithtoolwin.com/2015/04/google-fi.html

No comments:

Post a Comment