Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 28, 2015

ငလျင်ဘေးဒုက္ခသည်များအား ကူညီရှာဖွေနိုင်ရန် Google က Tool အသစ်လွှင့်တင်




ဝါရှင်တန် ၊ ၂၇-၄-၂၀၁၅

ဧပြီ ၂၅ ရက်တွင် နီပေါနိုင်ငံ ခတ္တမန္ဒူမြို့နှင့် ၈ဝ ကီလိုမီတာ ဝေးသည့် လမ်ဇွန်းမြို့ကို ဗဟိုပြု၍ ၇ ဒသမ ၅ ပြင်းအားရှိသော ငလျင်ကြီး တစ်ခု လှုပ်ခတ်ခဲ့ရာ လူထောင်ချီ သေဆုံးခဲ့ပြီး နီပေါနိုင်ငံ၌ နှစ်ပေါင်း ၈ဝ အတွင်း အပြင်းဆုံး ငလျင်တစ်ခု ဖြစ်ခဲ့သည်။

နီပေါအစိုးရနှင့် နိုင်ငံတကာမှ အဖွဲ့အစည်းများက နီပေါငလျင်ဘေး ဒုက္ခသည် များအား ကူညီနိုင်ရန် ဝိုင်းဝန်းကြိုးပမ်း ခဲ့ကြရာ အွန်လိုင်းပေါ်တွင် လူမှု ကွန်ရက်ကြီးများ ပိုင်ဆိုင် ထားသော Facebook နှင့် Google တို့ကလည်း ဒုက္ခသည် အချင်းချင်း ဆက်သွယ်၍ ရရန် Feature အသစ်များ တည်ဆောက်၍ ကူညီ နေကြကြောင်း သိရသည်။

Google မှာ နီပေါနိုင်ငံရှိ ပျောက်ဆုံး နေသော မိတ်ဆွေ (သို့မဟုတ်) မိသားစုဝင် များကို ရှာဖွေရာ၌ အသုံးပြုနိုင်မည့် Person Finder ဟူသော Tool တစ်မျိုးကို ချက်ချင်းလိုလို ဖွင့်ပေးခဲ့ရာ အဆိုပါ Tool ကို အသုံးပြု သူများက ၄င်းတို့၏ တည်နေရာ အကြောင်းကို အင်တာနက်ပေါ်မှ တစ်ဆင့် ပြောပြနိုင်သည်။

Google ၏ Person Finder တွင် အသုံးပြုနိုင်ရန် ရွေးချယ်ချက် နှစ်မျိုးရှိပြီး ပထမ တစ်မျိုးမှာ မိတ်ဆွေ ၊ မိသားစုဝင် များကို ရှာဖွေရာ၌ လည်းကောင်း ၊ ဒုတိယ တစ်မျိုးမှာ တစ်စုံတစ်ယောက် အကြောင်း သိထားသော အချက်အလက် များကို မျှဝေလို၍ လည်းကောင်း အသုံးပြု နိုင်ကြောင်း သိရသည်။

ငလျင်ဘေး သင့်သော နေရာ တစ်ဝန်းရှိ မိသားစု၊ ဆွေမျိုးနှင့် မိတ်ဆွေများ လုံခြုံမှုရှိ - မရှိ ဖော်ပြနိုင်ရန် ၂ဝ၁၄ ခုနှစ်တွင် ဖွင့်ပေးခဲ့သည့် Facebook ၏ Safety Check Feature ကိုလည်း ဒုက္ခသည်များက အသုံးပြုကာ ၄င်းတို့က ဘေးအန္တရာယ် မရှိကြောင်း (Safety Status) များ တင်နိုင်သည်။ ထိုနည်းဖြင့် Safety Status တင်ပြီးသူ များမှာ ၄င်းတို့၏ Facebook မိတ်ဆွေ အားလုံးကို 
လုံခြုံ ဘေးကင်းကြောင်း အကြောင်းကြား နိုင်မည် ဖြစ်ကြောင်း သိရသည်။

Facebook နှင့် Google အပြင် ဆက်သွယ်ရေး ကုမ္ပဏီများ ဖြစ်သော Airtel, BSNL နှင့် MTNL တို့ကလည်း ငလျင်ဘေး ဒုက္ခသည် များအား ကူညီရန် ကမ်းလှမ်းလျက် ရှိရာ Airtel က ၄၈ နာရီအတွင်း နီပေါ Airtel ဖုန်းများသို့ အခမဲ့ ဖုန်းခေါ်ဆိုနိုင်ရန်
လည်းကောင်း၊ BSNL နှင့် MTNL တို့မှာလည်း သုံးရက်အတွင်း နီပေါသို့ ခေါ်ဆိုသော ဖုန်းများကို Oversea ဖုန်းအဖြစ် မသတ်မှတ်ဘဲ မြို့တွင်းဖုန်း ခေါ်ဆိုနှုန်း ဖြင့်သာ သတ်မှတ်၍ လည်းကောင်း ကူညီပံ့ပိုး နေကြကြောင်း သိရသည်။

Google opens its Person Finder tool to aid earthquake relief efforts in Nepal

#PyiChitThar

No comments:

Post a Comment