Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 28, 2015

လူကုန်ကူးသူများ Facebook မှတစ်ဆင့် သားကောင်ရှာ




လန်ဒန် ၊ ၂၇-၄-၂၀၁၅

လူမှုကွန်ရက် ဝက်ဘ်ဆိုက် များကို အသုံးပြု၍ စီးပွားရေး လုပ်ငန်းများ အောင်မြင်မှုများ ရှိနေသည့် အလျောက် လူကုန်ကူး သူများ သည်လည်း Facebook ကဲ့သို့သော လူမှုကွန်ရက် ဝက်ဘ်ဆိုက် များကို အသုံးပြု၍ ၄င်း တို့အတွက် သားကောင်ရှာသည့် အလုပ်ကို လုပ်ကိုင်လာနေ ကြကြောင်း သိရသည်။

အဆိုပါ လူကုန်ကူး သူများသည် ပြောင်းရွှေ့ နေထိုင်သူ များအား မြေထဲပင်လယ်ကို ဖြတ်၍ ဥရောပတွင် အလုပ် တစ်နေရာ ရှာဖွေပေးမည်ဟု မက်လုံးများဖြင့် Facebook ပေါ်တွင် ဆွဲဆောင် စည်းရုံးမှုများ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း Financial Time သတင်းဌာန၏ ဖော်ပြချက် အရ သိရသည်။

ထို့ပြင် အာရပ်နိုင်ငံ များက ဖွင့်လှစ်ထားသော Facebook စာမျက်နှာ အချို့တွင်မူ ဥရောပ သာမက လစ်ဗျားမှ အီတလီ၊ တူရကီ မှ ဂရိသို့ ပို့ဆောင် ပေးမည်ဟူသော မက်လုံးများ အပြင် ငြိမ့်ညောင်းသော ခရီးစဉ် တစ်ခု ဖြစ်စေရမည်ဟု ပြောဆို စည်းရုံးမှု များလည်း ရှိနေသည်။ တစ်နာရီခွဲ ခန့်သာ ကြာမြင့်မည့် ဂရိနိုင်ငံသို့ ပင်လယ် ရေကြောင်း ခရီးစဉ် တစ်ခုအတွက် လူတစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၉၅ဝ သာ ကျသင့်မည် ဖြစ်ကြောင်း၊ အဆိုပါ ခရီးစဉ်ကို လိုက်ပါ လိုသူများ အနေဖြင့် Whatsapp သို့မဟုတ် Viber မှနေ၍ ဆက်သွယ် နိုင်ကြောင်း Facebook ကြော်ငြာ စာမျက်နှာ တစ်ခု၌ ကြေညာ ထားသည်ကို တွေ့ရသည်။

အဆိုပါ ကြေညာချက်ကို တွေ့ရှိပြီးနောက် အဘူမိုယက်ဇ် ဆိုသူ အမျိုးသား သည် ဂရိနိုင်ငံသို့ သွားရောက်ရန် ဆက်သွယ် ခဲ့ရာတွင် ယင်း ကြေညာချက်သည် လူကုန်ကူးရန် အတွက်သာ ဖြစ်ကြောင်း လူကုန်ကူးသူ များလက်မှ လွတ်မြောက် လာသည့် အဆိုပါ အမျိုးသား၏ ပြောကြားချက် အရ သိရသည်ဟု Financial သတင်းစာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#PyiChitThar

No comments:

Post a Comment