ရှစ်လသား
အရွယ်ရှိနေပြီဖြစ်တဲ့ ဒီကြောင်ကလေးကတော့ (Texas)မှ သူ့သခင် Park ရဲ့
အဆိုအရ ခြေနှစ်ချောင်း ရပ်ပြီး အမြဲနေပါသတဲ့။ ဒီပုံမှန်မဟုတ်တဲ့ အပြုအမူကို
ကြောင်ကလေး ဘာကြောင့် လုပ်သလဲ ဆိုတာကိုတော့ မသိပေမယ့် ကြောင်ကလေးရဲ့သခင်
Park ၊ သူ့ဇနီးနှင့် သမီးလေးနှစ်ယောက်ကတော့ ကြောင်လေးရဲ့ ချစ်စဖွယ်
ထူးခြားတဲ့ ပုံစံလေးကိုကြည့်ပြီး သဘောကျရပါတယ်။ကြောင်ကလေးဟာ သူ့ကိုပွေ့ချီပြီး ပွတ်သပ်ပေးနေရင် သဘောကျပါသတဲ့။ မနက် ၆.၄၅မှ ၇နာရီကြား မနက်တိုင်း သခင်ကို နှိုးပါသတဲ့။ facebook နဲ့ You Tube မှာလည်း ကြောင်ကလေးအတွက် page တင်ပေးထားပြီး လူအများအား ကြောင်ကလေးရဲ့ အံ့သြဖွယ် ပုံစံလေးကို မျှဝေခွင့်ရတဲ့အတွက် ပျော်ကြောင်း သူ့သခင်က ဆိုပါတယ်။
လူအများစုကတော့ ကြောင်ကလေး ဂျော့ကိုNick offerman ( အမေရိကန် အနုပညာရှင်)၊ Garfield( ကာတွန်း ဇာတ်ကောင်ကြောင်နာမည်) လို့ ချစ်စနိုးခေါ်ကြပါတယ်။
http://www.trend.com.mm/2015/04/28/pets-6465
No comments:
Post a Comment