Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 28, 2015

ဇာတ်ကားတွေ ရိုက်ဖို့လည်း အစီအစဉ်ရှိတယ်လို့ ဖွင့်ဟ

ပထမဆုံးရိုက်တဲ့ ကားကို ကိုယ်တိုင်ဇာတ်လမ်းရေး ပုံဖော်ထားတဲ့ လွှမ်းပိုင်က နောက်ထပ် 

ဂီတစာဆို လွှမ်းပိုင်လို့ဆိုလိုက်တာနဲ့ မသိတဲ့သူ မရှိရလေအောင် လူငယ်ပရိသတ်တွေကြား၊ နှုတ်ခမ်းနီမလေးတွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားပြီးသား ရက်ပ်ပါလွှမ်းပိုင်က သရုပ်ဆောင်ဖက်ကိုပါ ခြေစလှမ်းနေပြီမို့ သူနဲ့ တွေ့ဆုံခိုက် မေးကြည့်တဲ့အခါ "ခုရိုက်နေတဲ့ကားလေးက ဂျာကင်ဟောင်းလေးတဲ့။ ဒါရိုက်တာက ကိုအောင်ဇော်လင်းပါ။ သရုပ်ဆောင်တွေအနေနဲ့က ကျွန်တော်ရယ်၊ သူရိယရယ်၊ ခင်ဝင့်ဝါရယ်၊ ကိုသိန်းလင်းစိုးရယ်၊ ဂျိုကာရယ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားလေး ရိုက်ရတဲ့ ခံစားမှုက ပျော်ဖို့ကောင်းတယ်။ ကျောင်းဇာတ်လေးလဲဖြစ်တယ်။ ဇာတ်ကလဲ ကျွန်တော်ရေးထားတဲ့ ဇာတ်ဆိုတော့ ပိုပြီး ခံစား လို့ကောင်းတယ်။ ကျောင်းသား ဘ၀ကို ပြန်ရောက်သွားသလိုပါပဲ။ ကိုယ့်ကိုကိုယ်လဲ ကျောင်းသားပြန်ဖြစ်သွားသလိုပါပဲ။ ကျွန်တော့်ရဲ့ပထမဦးဆုံး ကားလေး၊ ကျွန်တော်ရေးထားတဲ့ ဇာတ်ဖြစ်တဲ့အတွက် သိပ်အခက်အခဲတော့ မရှိပါဘူး။ ဒီကားလေးထဲမှာ သုံးမဲ့ သီချင်းတွေက ၃ပုဒ်အသစ် လုပ်ထားတယ်။ အဟောင်းတော့ ကျွန်တော်မသုံးပါဘူး။ ဒီသီချင်းတွေကို ပရိသတ်ကို ချပြဦးမလားဆိုတော့ ထုတ်လုပ်ရေးက ကိုဘိုစန်းတို့ဖြစ်တဲ့အတွက် သူတို့အပေါ်မှာ မူတည်တာပေါ့နော်။ ကျွန်တော်ကတော့ မပြောတတ်ပါဘူး။"လို့ သူက ပြောပြသွားပါတယ်။
ဒီကားလေးကို ရိုက်ဖြစ်သွားတဲ့အကြောင်းအရင်းကိုတော့ သူက "ကိုဘိုစန်းတို့ဆီက production လုပ်မယ်ဆိုတော့ ကျွန်တော်ရယ်၊ ရဲရင့်အောင်ရယ်ကို လှမ်းပြောတယ်။ သူတို့ကြောင့်ပဲ လုပ်ဖြစ်သွားတာပါ။ သူတို့ကလဲ ထုတ်လုပ်ရေးအနေနဲ့သွားမှာဆိုတော့ ၅ ကား၊ ၆ကားလောက်တော့ ရိုက်ဖြစ်မယ် ထင်ပါတယ်။ ကျွန်တော် ဒီသရုပ်ဆောင်ဖက်ကို လုပ်ဖြစ်တာက ကိုဘိုစန်းတို့ကို အားနာလို့တော့လဲ မဟုတ်ဘူး။ ဘယ်အလုပ်မဆို ကိုယ်တိုင်စိတ်ပါမှ လုပ်တဲ့အတွက် ဂီတကတော့ ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်၊ ဒီအလုပ်နဲ့ဆက်စပ်နေတဲ့ သရုပ်ဆောင် အလုပ်ကိုကျတော့လဲ ကိုယ်တိုင် Music MTV တွေမှာ သရုပ်ဆောင်လုပ်ဖြစ်နေတယ်ဆိုတော့ သိပ်မစိမ်းတာနဲ့ လက်ခံဖြစ်သွားတယ်။ ကိုယ့်ကိုကိုယ် သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဘယ်လိုရှိလဲဆိုတာ သိချင်လို့စမ်းကြည့်တဲ့ သဘောလဲ ပါပါတယ်။ ကိုယ်တိုင်လဲ စိတ်ပါတာကြောင့် ပါပါတယ်။ သရုပ်ဆောင်ဖက်မှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုက ဒီဇာတ်က ကိုယ်တိုင်ရေးတဲ့ ဇာတ်ဆိုတော့ ဒီကားမှာ သရုပ်ဆောင်တဲ့ အပိုင်းကတော့ သိပ်ခက်ခဲမှု မရှိသေးဘူး။ တခြားကားတွေတော့ မပြောတတ်သေးပါဘူး။ ဒီကားထဲမှာ ထူးခြားတာတစ်ခုက ကျွန်တော်မိတ်ကပ်သုံးထားတယ်။ ဘာလို့လဲဆိုတော့ သီချင်းဆိုတာက ကိစ္စမရှိဘူး။ သရုပ်ဆောင် အလုပ်ဆိုတာကို တကယ် Professional လုပ်ပြီဆိုတော့ ကင်မရာထဲမှာတော့ နဲနဲပါးပါးကြည်လို့ကောင်းချင်သေးတယ်။ မိတ်ကပ်က သက်သခင်ပါ။ ဒီကားလေးကို ကျွန်တော်သဘောကျတယ်။ တက္ကသိုလ်ကျောင်းသူဘ၀ကို လွမ်းဆွတ်နေတဲ့သူတွေ ဒီကားလေးကိုကြည့်လို့ရပါတယ်"တဲ့။
ဂီတစာဆို လွှမ်းပိုင်အခွေကတော့ အမ်တီဗီအနေနဲ့၁၃ပုဒ်ရိုက်ကူးထားပြီး ၇လပိုင်းမှာထွက်ဖို့စီစဉ်ထားတယ် လို့လည်း သူကပြောပြခဲ့ပါတယ်။
http://www.trend.com.mm/2015/04/27/news-6438
 

No comments:

Post a Comment