CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, April 14, 2015
Facebook မှာ သူများပျော်တဲ့ Post ကို အကြည့်များရင် စိတ်ဓာတ်ကျနိုင်
University of Houston မှ စိတ်ပညာလေ့လာသူများရဲ့ ထုတ်ပြန်ချက်အရ Facebook မှာ သူများ တင် ထားတဲ့ ပျော်စရာ Post တွေ Status တွေကို အမြင်များရင် စိတ်ဓာတ်ကျနိုင်အောင် ဆိုပါတယ်။
ယင်းအချက်ကို ထောက်ပြချင်နေခဲ့တာ ကြာပါပြီ။ ဒါဟာ လူတိုင်တော့ မဟုတ်ပါဘူး။ များသောအားဖြင့်က မိမိရဲ့ ဘဝကို မကျေနပ် မရောင့်ရဲ နိုင်သူများမှာ ပိုလို့ အဖြစ်များတဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ ဥပမာ သူတို့တော့ ဘယ်ကို သွားလည်နေပြီ။ ဘယ်သူတွေနဲ့ တွေ့နေကြပြီ။ ဘာတွေလုပ်နေကြပြီ။ ဘာလေးတော့ ရလိုက်ပြီ အစရှိသဖြင့်တို့ကို မြင်တဲ့ အခါ ငါ့ကျတော့ ဘာမှ မရသေးပါလား။ မဖြစ်သေးပါလား။ မတွေ့ပါ လား အစရှိသဖြင့် မိမိနဲ့ ပြန်လည် နှိုင်းစာပြီး စိတ်ဓာတ်များ ကျတတ်ပါတယ်။ အဓိကကတော့ အခြားသူတို့ရဲ့ ရရှိမှု ဖြစ်တည်မှုကို မုဒိတာ ပွားရန် မေ့လျော့ပြီး မိမိရဲ့ ဖြစ်တည်မှုကိုလည်း ကျေနပ် ပျော်ရွှင် ဖို့ မေ့တတ်တဲ့ အလေ့အထိ တစ်ခုသာ ဖြစ်ပါတယ်။
အကယ်၍သာ ဘယ်သူတွေ ဘာပဲ တင်တင် ကိုယ့် အနေနဲ့ ကောင်းတာမြင်ရင် ဝမ်းသာပေးလိုက်ပြီး အကယ်၍ ကြွားဝါနေတာမျိုးတို့ ဖြစ်ရင်တောင် လစ်လှူရှု ဥပက္ခာ ပြုတာမျိုးတို့ ပြုလုပ်နိုင်ပါတယ်။ ဒါကို မိမိက အတွေးထဲ ဝင်ပြီး တွေးတောတဲ့ အခါကျ စိတ်ဓာတ် ကျခြင်း ဖြစ်ပါတယ်။ ယင်း စိတ်ဓာတ် ကျခြင်းကနေ လွတ်မြောက်ရန် နည်းလမ်းအနေနဲ့ University of Houston ကတော့ Social Media အသုံးပြုမှုကို အကန့်အသတ်ဖြင့် သာ ပြုလုပ်ရန် လိုကြောင်း တားမြစ်ပါတယ်။
ရိုးရာလေးကတော့ အရှိကို အရှိအတိုင်း မြင်ပြီး မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပက္ခာ တရားများနဲ့ လက်ကိုင် ထားလို့ အသုံးပြုပါလို့သာ အကြံပေးချင်ပါတယ်။ နောက်ထပ်လေ့လာတွေ့ရှိချက်ကတော့ လူအများစုဟာ ဘယ်လောက်ပဲ ဒုက္ခရောက်ရောက်၊ ဆင်းရဲ ဆင်းရဲ Facebook မှာကျ အကောင်းဆုံး အခြေအနေ၊ ပုံရိပ်များကိုသာ ရွေးလို့ တင်တတ်ခြင်းသာ ဖြစ်ကြောင်း ဖြစ်ပါတယ်။
(ရိုးရာလေး)
Facebook မှာ သူများပျော်တဲ့ Post ကို အကြည့်များရင် စိတ်ဓာတ်ကျနိုင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 14, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment