CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, April 14, 2015
အလာကောင်းပေမယ့် အခါနှောင်းသွားခဲ့တဲ့ သားက မိခင်ဖြစ်သူကိုမကယ်တင်နိုင်ခဲ့
တရုတ်နိုင်ငံက အမျိုးသားတစ်ယောက်ရဲ့ အဖြစ်က ရင်နင့်ဖွယ်ရာပါ။ အလာကောင်း ပေမယ့် အခါနှောင်း သွားခဲ့သည့်တိုင်က မိမိရဲ့မသိကျိုးကျွံဖြစ်မှုကြောင့်လည်း နောင် တတွေ တစ်ပွေ့တစ်ပိုက်ကြီး ရသွားရ တဲ့အဖြစ်ပါပဲ။
ဇန်အမည်ရှိ တရုတ်အမျိုးသား တစ်ဦးက မိခင်ရှိရာနေရပ်သို့ပြန်လာစဉ် ကားလမ်းမတစ်နေရာမှာ ကားမတော်တဆမှု ကြောင့် အမျိုးသမီးကြီးတစ်ဦးပြင်းထန် သောဒဏ်ရာများဖြင့်လဲလျှောင်းနေတာကို ကားပေါ်မှလှမ်းတွေ့လိုက်စဉ်ဆင်းကာ မကူညီခဲ့ဘဲဆက်လက်ဦး တည်ရာသို့မောင်း နှင်လိုက်ခဲ့တာပဲဖြစ်ပါတယ်။
ထို့နောက် မိခင်နေအိမ်သို့ရောက်ရှိသွားချိန်မှာတော့ နေအိမ်မှာမိခင်မရှိတာကြောင့် ဘေးအိမ်ကလူတွေ ကို မေးမြန်းကြည့်လိုက်ချိန်မှာ မိုးလင်းအစောပိုင်းက သားဖြစ်သူ ကို တွေ့ချင်တာကြောင့် အစောပိုင်းအ ချိန်ကတည်းက ထွက်သွားခဲ့တာကို သိရှိလိုက်ပြီး လမ်းမှာဖြတ်သန်းခဲ့စဉ်က ဒဏ်ရာများရရှိနေခဲ့တဲ့ အမျိုးသမီးကြီးကို မိခင်ဖြစ်မှန်းသိ လိုက်ရပါတော့တယ်။
ထို့အတွက်ကြောင့် ယင်းကားလမ်းတစ်နေရာသို့ အလျှင်အမြန်ကားမောင်းထွက်သွား ခဲ့သော်လည်း အခါနှောင်းခဲ့လေပြီဖြစ်ပါတယ်။ ကားမတော်တဆမှုကြောင့် ပြင်းပြင်းထန် ထန်ဒဏ်ရာရရှိခဲ့တဲ့ သူ့ရဲ့ မိခင်ဖြစ်သူက နေရာမှာပင် အခါနှောင်းကာပွဲချင်းပြီးသေဆုံး သွားခဲ့ရတာပဲဖြစ်ပါတယ်။ ထို့ကြောင့် ဇန် အနေနဲ့ မိခင်အတွက် ဝမ်းနည်းတကြီးနဲ့ ယူ ကြုံးမရဖြစ်ခဲ့ကာ မိမိရဲ့ လျစ်လျှူရှုမှု၊ မသိကျိုးကျွံပြုမှုအတွက် ဖြည်မဆည်နိုင်နောင် တကြီးစွာရနေခဲ့ပါတော့တယ်။
ဖိုးသူတော်
အလာကောင်းပေမယ့် အခါနှောင်းသွားခဲ့တဲ့ သားက မိခင်ဖြစ်သူကိုမကယ်တင်နိုင်ခဲ့
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 14, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 14, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment