Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 30, 2015

Facebook Messenger တွင် သင်သိသင့်တဲ့ အချက်များ


 နောက်ဆုံး ထွက်ရှိလာတဲ့ Facebook Messenger ရဲ့ Version အသစ်မှာတော့ Facebook ဟာ ပိုမိုစုံလင်လာတဲ့ Feature တွေကို ထည…့်သွင်းလာခဲ့ထားပါတယ်။ ဒီအချက်တွေကို အချို့ User တွေအနေနဲ့ မသိကြသေးတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် Facebook Messenger အသစ်မှာ ပါဝင်လာတဲ့ Feature အသစ်တွေအကြောင်းကို ဖော်ပြပေးလိုက်ပါ တယ်။

၁။ Message Notifications ကို မိမိကြိုက်နှစ်သက်သည့် ကြာချိန်ထား၍ Mute လုပ်နိုင်ခြင်း

၂။ မိမိမကြိုက်သည့် Message စာကြောင်း တစ်ကြောင်းတည်းကိုပဲ ဖျက်နိုင်ခြင်း

၃။ တစ်ဖက်လူမှ သင့် Message ကို ဖတ်ခြင်း ၊ မဖတ်ခြင်းများကို icon အသစ်များဖြင့် ပြသခြင်း

၎။ iPhone အသုံးပြုသူများတွင်အသုံးပြုနိုင်သည့် တည်နေရာကို View and Hide ကြည့်နိုင်ခြင်း

၅။ Facebook Messenger ၏ Group Chat Conversation တွင် မိမိအလိုရှိသည့် Group များအား လျင်မြန်စွာ အသုံးပြုနိုင်ရန် Group Chat List ၏ ထိပ်ဆုံးတွင် Pin လုပ်၍ ထားနိုင်ခြင်း

၆။ မိမိတို့ Facebook User အချင်းချင်း မည်သည့် ဖုန်းနံပါတ်မှ သိစရာမလိုပဲ Facebook Messenger တွင် ဖုန်းခေါ်ဆိုနိုင်ခြင်း

၇။ တစ်ဦးနှင့် တစ်ဦး အသံဖိုင်းများ ပေးပို့နိုင်ခြင်း

၈။ အရင်က PHP Language ကိုသာ အဓိကထားအသုံးပြုနေတဲ့ Facebook ဟာ အခုချိန်မှာတော့ Web Language မျိုးစုံကို အသုံးပြုလာခဲ့ပါတယ်။ ဒါကြောင့် Facebook Messenger မှာလည်း Animation Gif File လေးတွေကိုလည်း အသုံးပြုလာနိုင်ပြီဖြစ်ပါတယ်။

၉။ အခြားနိုင်ငံများတွင် အသုံးပြုလို့ရနိုင်ပြီဖြစ်နေတဲ့ Video Call ခေါ်ဆိုမှု
၁၀။ အခြားနိုင်ငံများတွင်သာ အသုံးပြုနိုင်သေးသည့် Facebook Messenger အချင်းချင်း ပိုက်ဆံလွှဲနိုင်သည့် အစီအစဉ်
စတဲ့အချက်များ သည် Facebook Messenger အသုံးပြုသူတို့ သိထားသင့်တဲ့ အချက်တွေအဖြစ် ဖော်ပြပေးလိုက်ရပါတယ်။

Ref : mashable

အောင်ကိုထက်

yoyarlay

No comments:

Post a Comment