Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 30, 2015

မတေးနုယဉ်တွင် ပြင်ပဒဏ်ရာ မတွေ့ရကြောင်း မင်းအုပ်စိုး၏ မိသားစုဆရာဝန်ထွက်ဆို


လူသတ်မှုဖြင့် တရားစွဲဆိုခံထားရသော သရုပ်ဆောင် မင်းအုပ်စိုးအမှု၏ ကိုးကြိမ်မြောက်ရုံးချိန်း၌ မင်းအုပ်စိုး၏ မိသားစုဆရာဝန်အား စစ်ဆေးရာ သေဆုံးသူ မတေးနုယဉ်တွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ခဲ့ရကြောင်း ၎င်းက ထွက်ဆိုခဲ့သည်။


ဧပြီ ၂၉ ရက်က ကိုးကြိမ်မြောက်ရုံးချိန်းတွင် သေဆုံးသူ မတေးနုယဉ်ရရှိသည့် ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ တရားလို ရှေ့နေက မေးမြန်းမှုကို မင်းအုပ်စိုး၏ မိသားစုဆရာဝန်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်ပြီး မတေးနုယဉ်၏ မျက်နှာ နှင့် ခြေထောက်တို့တွင်လည်း မည်သည့်ဒဏ်ရာမှ မရှိကြောင်း ဖြေကြားခဲ့သည်။ သို့သော် ၎င်းသည် ပြင်ပဆရာဝန်တစ်ဦးဖြစ်သောကြောင့် တေးနုယဉ် မည်သည့်ဒဏ်ရာကြောင့် သေဆုံးခဲ့သည်ကိုမူ အတိအကျ မပြောနိုင်ကြောင်း ဆက်လက်ထွက်ဆိုခဲ့သည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ဒီဇင်ဘာ ၂၅ ရက် နံနက် ၂ နာရီခန့်တွင် ၎င်းထံသို့ မင်းအုပ်စိုး၏ အိမ်မှ ဖုန်းဖြင့် ဆက်သွယ်ခဲ့သောကြောင့် သွားရောက်ခဲ့ခြင်းဖြစ်ပြီး မတေးနုယဉ်အား စမ်းသပ်စစ်ဆေးခဲ့ရာ မျက်စိသူငယ်အိမ်ကျယ်နေသည့်အပြင် တုံ့ပြန်မှု တစ်စုံတစ်ရာမရှိသောကြောင့် သေဆုံးသည်ဟု ယူဆရကြောင်း မင်းအုပ်စိုးကို ပြောကြားခဲ့သည်ဟု မင်းအုပ်စိုး၏ မိသားစုဆရာဝန်က ထွက်ဆိုခဲ့သည်။

အဆိုပါ ရုံးချိန်းတွင် မင်းအုပ်စိုး၏ မိသားစုဆရာဝန်နှင့်အတူ အမျိုးသမီးတစ်ဦးကိုလည်း ဆက်လက်စစ်ဆေးခဲ့ပြီး မေလ ၄ ရက်သို့ ပြန်လည်ရုံးချိန်းခဲ့သည်။ အဆိုပါ ရုံးချိန်းတွင် မှုခင်းဆရာဝန်အား စစ်ဆေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် နှစ် ဒီဇင်ဘာ ၂၅ ရက် နံနက် ၂ နာရီတွင် ဗဟန်း မြို့နယ် ဖိုးစိန်လမ်းရှိ သရုပ်ဆောင်မင်းအုပ်စိုး၏နေအိမ်၌ သရပါမဂ္ဂဇင်းအယ်ဒီတာ မတေးနုယဉ်(ခ)မနုနုယဉ်သည် ရင်ဘတ်၊ မျက်နှာနှင့် ကျောဘက်တို့ ၌ အညိုအမည်းဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး သရုပ်ဆောင် မင်းအုပ်စိုးကို ဇန်န၀ါရီ ၂၂ ရက်က အနောက်ပိုင်းခရိုင်တရားရုံး၌ လူသတ်မှုဖြင့် တရားစွဲဆိုခဲ့သည်။
http://www.7daydaily.com/story/36131#.VUJQz5OIXap

No comments:

Post a Comment