Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 24, 2015

ကရင်ဒုက္ခသည်ကြောင့် သြစီမြို့မှာ စီးပွားဖြစ်ထွန်း


မြန်မာနိုင်ငံကနေ ​ရောက်ရှိလာတဲ့ ​ဒုက္ခသည်တွေကြောင့် ​သြစတြေးလျ ​နိုင်ငံက ​မြို့တစ်မြို့မှာ ​စီးပွားရေး ​တိုးတက်မှုတွေ ​ဖြစ်နေပါတယ်။

ဒါကတော့ ​ဗစ်တိုးရီးယားပြည်နယ် ​Nhill ​နေးလ် ​လို့ခေါ်တဲ့ ​မြို့မှာ ​ကရင်ဒုက္ခသည် ​အယောက်ပေါင်း ​၁၇၀ ​နေထိုင်ပြီးတဲ့နောက် ​စီးပွားရေး ​တိုးတက်လာတာပါ။

ကရင် ​ဒုက္ခသည်တွေက ​၂၀၁၀ ​ပြည့်နှစ်နောက်ပိုင်းမှာ ​စတင်နေထိုင်လာတာ ​ဖြစ်ပြီး ​အခုဆိုရင် ​ကရင်တွေကြောင့် ​ဒေါ်လာ ​၄၁.၅ ​သန်း ​စီးပွားရေး ​အကျိုးအမြတ် ​ရရှိစေတယ်လို့ ​ဆိုပါတယ်။

နေးလ်မြို့မှာ ​လူဦးရေ ​၂၃၀၀ ​ပဲ ​ရှိပြီး ​စိုက်ပျိုးရေးနဲ့ ​မွေးမြူရေးကို ​အဓိကထားတဲ့ ​မြို့ဖြစ်ပါတယ်။

ကရင်ဒုက္ခသည်တွေ ​ရောက်မလာရင် ​အဲဒီမြို့က ​မွေးမြူရေးခြံတွေ၊ ​စိုက်ပျိုးရေး ​လုပ်ငန်းတွေကို ​ပိတ်လိုက်ရမယ့် ​အခြေအနေမှာ ​ရှိခဲ့ပါတယ်။

မြို့က ​လူငယ်တွေက ​မဲလ်ဘုန်းလို ​မြို့ကြီး ​ပြကြီးကို ​သွားပြီး ​အလုပ်လုပ်တာကြောင့် ​အလုပ်လုပ်မယ့်လူတွေ ​ရှားပါးတာ ​ဖြစ်ပါတယ်။

ဒါပေမဲ့ ​ကရင်ဒုက္ခသည်တွေက ​အလုပ်အကိုင်မရွေးပဲ ​ရရာအလုပ် ​ဝင်လုပ်ရာက ​လုပ်ငန်းတွေကို ​ဆက်လက် ​လည်ပတ်နိုင်ခဲ့တာပါ။

အများအားဖြင့်တော့ ​Luv-a-Duck ​ဆိုတဲ့ ​မွေးမြူရေးခြံမှာ ​အလုပ်လုပ်တာဖြစ်ပြီး ​ကြက်စာကျွေးတာတွေနဲ့ ​ကြက်ဥကောက်တဲ့ ​အလုပ်ကို ​လုပ်ကိုင်ကြတာပါ။

အဲဒီ ​မွေးမြူရေးခြံမှာ ​ကရင်လူမျိုး ​၅၄ ​ယောက် ​အလုပ်လုပ်နေပြီး ​အဲဒီ ​မွေးမြူရေးနဲ့ ​ဆက်စပ်ပြီး ​တခြား ​လုပ်ငန်းတွေလည်း ​တိုးတက်လာတာ ​ဖြစ်တယ်လို့ ​The ​Guardian ​သတင်းမှာ ​ဖော်ပြထားပါတယ်။

ABC Radio Australia

No comments:

Post a Comment