Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 24, 2015

မသန်စွမ်း လမ်းဘေးပန်းချီဆရာမှ ပြန်လည် ဖန်တီးထားတဲ့ မိုနာလီဇာပန်းချီကား



ဘယ်ခြေမသန်စွမ်းတဲ့ အမျိုးသားတစ်ယောက်ဟာ တရုတ်နိုင်ငံ Zhejiang ပြည်နယ် Jinhua မြို့လမ်းမပေါ် Da Vinci ရဲ့ masterpiece အပြောင်မြောက်ဆုံး လက်ရာဖြစ်တဲ့ မိုနာလီဇာရုပ်ပုံကို မြေဖြူခဲနဲ့ဆွဲကာ လူအုပ်ကို ဆွဲဆောင်ခဲ့ပါတယ်။
၆ စတုရန်းမီတာရှိတဲ့ ၄င်းရုပ်ပုံကို ၅ နာရီကြာ ရေးဆွဲပြီးနောက် လူအများရဲ့ ချီးမွမ်းမှု ရရှိခဲ့တယ်။ ပင်ကိုယ်စွမ်းရည်ရှိသော ယင်းပန်းချီဆရာရဲ့ ပင်ကိုယ်စွမ်းရည်ကို တအံ့တသြဖြစ်တဲ့ လမ်းသွားလမ်းလာသူတွေ ဓါတ်ပုံတွေ ရိုက် ဘေးမှာချထားတဲ့ ဗူးတစ်ခုထဲ ပိုက်ဆံတွေ ထည့်ပေးကြပါတယ်။ ရက်ရောတဲ့ အမျိုးသားတစ်ဦးဆိုရင် ယွမ် ၂၀၀ ($32) တောင် ထည့်လှူခဲ့ပါတယ်။ ထိုအမျိုးသားက ခေါင်းတညိတ်ညိတ် လုပ်ကာ အလှူရှင်တွေကို ကျေးဇူး တုံ့ပြန်ခဲ့ပါတယ်။
Cong အမည်ရတဲ့ အသက် ၃၅ နှစ်အရွယ် ထိုအမျိုးသားမှာ တရုတ်ပြည်အရှေ့ပိုင်း Shandong ပြည်နယ်ကဖြစ်ပြီး ကလေးအရွယ်မှာ ဘယ်ခြေထောက် ဖြတ်တောက်ကုသထားရတာဖြစ်ပါတယ်။
အနှစ် ၂၀ ကျော်ကြာ လမ်းတွေပေါ် Cong ခြေဦးတည့်ရာ သွားလာနေခဲ့ပြီး တရုတ်နိုင်ငံ နေရာအတော်များများ ရောက်ဖူးခဲ့တယ်။ သူ့ဘာသာသူ ပုံဆွဲနည်းသင်ယူခဲ့ကာ လမ်းဘေးပန်းချီ ဆရာတစ်ယောက်အဖြစ် အသက်မွေးခဲ့သူဖြစ်ပါတယ်။
Ref: Chinadaily
http://www.trend.com.mm/2015/04/24/lifestyle-6424

No comments:

Post a Comment