Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 24, 2015

အချစ်ဆိုတာ အသေ မဟုတ်ကြောင်း သက်သေပြခဲ့ကြသူများ




တရုတ်နိုင်ငံ Guangxi က ချစ်သူစုံတွဲနှစ်ဦးရဲ့ ကြည်နူးဖွယ် အချစ်ဇာတ်လမ်းက အဆုံးမရှိသောသူတို့ရဲ့ တစ်ယောက်အပေါ် တစ်ယောက် အချစ်ကြီးစွဲလမ်းမှုကြောင့် အချစ်မှာ ဘောင်ကန့်သတ်ချက်တွေ မရှိဘူးဆိုတာ သက်သေပြခဲ့ပါတယ်။
၁၉၈၅ ခုနှစ်မှာ အမျိုးသားရဲ့ မျက်စိ တစ်ဖြည်းဖြည်းနဲ့ လုံးလုံးမျက်ကန်းတစ်ယောက်သို့ ရောက်သွားစေခဲ့တဲ့ ပြင်းထန်သော မျက်စိရောဂါတစ်မျိုးခံစားခဲ့ပါတယ်။
အဲဒီကတည်းက သူသွားလေရာမှာ လမ်းပြအဖြစ် ဝါးတုတ်တစ်ချောင်းကိုင်ကာ ဘဝတစ်လျှောက် သူ့ဇနီး လိုက်သွားပေးခဲ့တယ်။ သူ့မလည်း ခန္ဓာကိုယ် ကုန်းကိုင်းနေသော ဝေဒနာခံစားရသူဖြစ်ပေမယ့် လမ်းပြအဖြစ် အမြဲ လမ်းပြပေးခဲ့ပါတယ်။
၎င်းတို့စုံတွဲမှာ ကလေးမထွန်းကားခဲ့ပေမယ့် ကြက်ဘဲတွေ မွေးမြူခြင်းနဲ့ အသက်မွေးဝမ်းကျောင်းပြုကာ နှစ်ပေါင်း ၅၅ နှစ် တစ်ယောက်နဲ့တစ်ယောက်အဖော်ပြုလို့ ဘဝပျော်ရွှင်မှုကို ရှာဖွေနိုင်ခဲ့သူတွေဖြစ်ပါတယ်။ 
Ref: Stomp
http://www.trend.com.mm/2015/04/24/lifestyle-6422

No comments:

Post a Comment