Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 25, 2015

ကွန်ဒုံးအတု၃သန်းခန့် ရှန်ဟဲတွင်ဖမ်းမိ

ကွန်ဒုံးအတု ၃သန်းခန့်ကို ရှန်ဟဲတွင် ဖမ်းဆီးလိုက်ကြောင်းသိရသည်။
တရုတ်နိုင်ငံ ရှန်ဟဲမြို့ရှိ တရားမ၀င်ကွန်ဒုံးစက်ရုံတစ်ရုံကို ရဲတပ်ဖွဲ့မှ ၀င်ရောက်စီးနင်းပြီး ကွန်ဒုံးအတု ၃သန်းကိုသိမ်းဆည်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကွန်ဒုံးအတုများကို စက်ပစ္စည်းအပြည့်အစုံတပ်ဆင်ထားသည့် တရားမ၀င်ကွန်ဒုံးစက်ရုံဝယ်ထုတ်လုပ်ပြီးနောက်၊ နာမည်ကြီးကွန်ဒုံးတံဆိပ်များဖြစ်ကြသည့် Durex နှင့် Jissbon အမည်များတပ်ကာ ဟိုတယ်ငယ်လေးများသို့ အွန်လိုင်းမှတစ်ဆင့် ရောင်းချခြင်းဖြစ်သည်။
အွန်လိုင်းမှရောင်းချသောဈေးမှာ ကွန်ဒုံးတစ်ခုလျှင် ၀.၁ယွမ်(ကန်ဒေါ်လာ ၀.၀၁၆ခန့်)ဈေးနှင့်ဖြစ်ပြီး၊ဟိုတယ်များကမူ ဈေးကိုများစွာမြှင့်တင်ကာ ကွန်ဒုံးတစ်ခုလျှင် ၃ ယွမ်(ကန်ဒေါ်လာ ၀.၅ ခန့်)ဖြင့် လာရောက်တည်းခိုသူများအားပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း ရှင်အန်း ညနေပိုင်းသတင်းမှ သိရသည်။
သို့ရာတွင် တံဆိပ်အတုဖြစ်ခြင်းထက် ပိုမို၍ အန္တရာယ်များကြောင်း ရှန်ဟဲရဲတပ်ဖွဲ့မှ ရဲမှူး ကျန်ဝမ်းလျန်ကဆိုသည်။
"ကွန်ဒုံးထုတ်လုပ်ရာမှာသုံးတဲ့ပစ္စည်းတွေက အင်မတန်အရည်အသွေးညံ့ဖျင်းတဲ့ကုန်ကြမ်းတွေဗျ။ အနံ့အသက်ကလဲဆိုးသေးတယ်"ဟု သူကပြောပါသည်။ "အဲဒီကွန်ဒုံးတွေကို စက်တွေနဲ့စမ်းသပ်ကြည့်တော့ လူ့ခန္ဓာကိုယ်အတွက် အင်မတန်အန္တရာယ်ရှိတယ်ဆိုတာသိရတယ်ဗျ"ဟုလည်း သူကဆက်ပြောပါသေးသည်။
ယခုအမှုသည် ငွေကြေးပမာဏအားဖြင့် ယွမ် ၁၂သန်း(ကန်ဒေါ်လာ ၉ သန်း)ခန့်အထိ ရင်းနှီးထားကြသော လုပ်ငန်းဖြစ်ကြောင်းသိရသည်။ ထို့အပြင် ရှန်ဟဲ၊ ဂွမ်ဒေါင်းနှင့် ရှန်ဇီ ခရိုင်များအပါအ၀င် တရုတ်နိုင်ငံရှိ ခရိုင် ၈ ခုခန့်အထိ အဆိုပါကွန်ဒုံးများပြန့်နှံ့နေပြီဖြစ်ပြီး၊ နိုင်ငံတစ်လွှားရှိ အလားတူ ကွန်ဒုံးစက်ရုံ ၉ ခုကိုလည်း ရဲတပ်ဖွဲ့မှ ပိတ်စေလိုက်ကာ စုံစမ်းစစ်ဆေးမှုများကိုလည်း ဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်းသိရပါသည်။
Popular

No comments:

Post a Comment