Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 25, 2015

အားလုံးဝိုင်းချစ်လို့ ‘အားချစ်’ လို့ ယာယီအမည်ပေးထားတဲ့ သက်မွန်မြင့်ရဲ့သားငယ်

သက်မွန်မြင့်၏သားငယ်ကို ပရိသတ်များအပါအဝင် အားလုံးက ဝိုင်းချစ်နေကြသောကြောင့် ‘‘အားချစ်’’ဟု အမည်ပေးထားကြောင်း သိရသည်။

‘‘အားလုံးချစ်တဲ့ ‘‘အားချစ်’’တဲ့ သူ့အဖေက။ လောလောဆယ်ပေါ့’’ဟု ကလေးနာမည်ပေးထား ပြီလားဟု မေးမြန်းသူတစ်ဦးအားသက်မွန်မြင့်က ၎င်းကိုယ်တိုင်သုံးသော ဖေ့စ်ဘွတ်စ်စာမျက်နှာတွင် ဖြေဆိုထားသည်။

ထို့ပြင် သက်မွန်မြင့်အသုံးပြုသည်ဟုဆိုသည့် ဖန်ပေ့ခ်ျတွင်လည်း သားငယ်၏ဓာတ်ပုံများကို အာဘွား၊ ဂွတ်နိုက်စသဖြင့် ပြောစကားပုံစံဒီဇိုင်းများဖန်တီးကာ တင်ပေးထားခြင်းကို ပရိသတ်များက သဘောကျနေသည်။

သို့သော်လည်း အချို့ပရိသတ်များက သွေးနုသားနုအချိန်ဖြစ်သောကြောင့် ဖေ့စ်ဘွတ်စ်ကို အကြာကြီး မသုံးသင့်သေးကြောင်း သက်မွန်မြင့်အား အကြံပြုကြသည်။

ယခုရက်ပိုင်းတွင် အားချစ်အမည်ဖြင့် Page တစ်ခုကိုလည်း ဖေ့စ်ဘွတ်စ်စာမျက်နှာတွင် တွေ့ ရကာ Likeလုပ်ထားသူ ၃,၉၀၀ခန့် ရှိနေပြီး ယင်းဖေ့စ်ဘွတ်စ်စာမျက်နှာ၌ သက်မွန်မြင့်မိသားစုပုံ များ တင်ပေးထားသည်ကိုတွေ့ရသည်။ သက်မွန်မြင့်သည် ၎င်း၏ သားဦးလေးကို ဧပြီ ၁၂ ရက် ည ၉ နာရီ ၄၅ မိနစ်တွင် ဝိတိုရိယဆေးရုံ၌ မွေးဖွားခဲ့ခြင်းဖြစ်သည်။
http://7daydaily.com/story/35881#.VTxqHZOIXap

No comments:

Post a Comment