Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 29, 2015

လေထီးခုန်ခြင်းကို ၀ါသနာ ပါတဲ့ နာမည်ကျော် မော်ဒယ်

ပြင်သစ်နိုင်ငံဖွား အသက်(၃၀) နှစ်အရွယ်ရှိ ဇာနော့တီဟာ ထင်ရှားတဲ့ မော်ဒယ်တစ်ဦး ဖြစ်ပါတယ်။ သူဟာ နာမည်ကြီး မဂ္ဂဇင်းတွေ ဖြစ်ကြတဲ့ ပလေးဘွိုင်းစ်၊ ဂျီကျူစတာတွေမှာ မျက်နှာဖုံးရှင် အဖြစ် အကြိမ်ကြိမ် ပါဝင်ခဲ့ဖူး ပါတယ်။ ထူးခြားတာ ကတော့ အလွန် အန္တရာယ်များတဲ့ လေထီးခုန်ခြင်းကို ၀ါသနာပါ နေခြင်း ဖြစ်ပါတယ်။ မော်ဒယ်တစ်ဦး အနေနဲ့ လေထီးခုန်တဲ့ အလုပ်ကို ပြုလုပ်ခြင်းဟာ အလွန်ရှားပါးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဇာနော့တီဟာ သူ့ရဲ့ ဘ၀တစ်လျှောက်မှာ လေထီးခုန်ခြင်းကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဇာနော့တီဟာ လေထီးခုန်ဖူးတဲ့ အကြိမ် အရေအတွက်ပေါင်း (၁၃၅၀) ကျော်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဇာနော့တီဟာ ပြင်သစ် နိုင်ငံသား ဖြစ်ပေမယ့် အမေရိကန် ပြည်ထောင်စုမှာပဲ အခြေကျ နေထိုင်လေ့ရှိပါ တယ်။ ဇာနော့တီဟာ လေထီးခုန်ခြင်းကို အလွန် နှစ်သက်မိကြောင်း၊ ထိုသို့ပြုလုပ်ပါက အချို့အချိန်များတွင် ဦးနှောက် ရပ်တန့်သွား သကဲ့သို့ ခံစားမှုကို ဖြစ်ပေါ်စေကြောင်း၊ မိမိအနေဖြင့် အလုပ်အကိုင်များ အဆင်မပြေပါက မေ့ပျောက်သည့် အနေဖြင့် လေထီးခုန်မှုများကို မကြာခဏ ပြုလုပ်လေ့ ရှိကြောင်း ပြောကြားသွားခဲ့ ပါတယ်။ ဇာနော့တီဟာ စွန့်စားရတဲ့ အားကစားတွေကို စိတ်ဝင်စားသူလည်း ဖြစ်ပါတယ်။ သူဟာ ပြင်သစ်နိုင်ငံမှာ မော်တော် ဆိုင်ကယ်စီးခြင်းကိုလည်း ပြုလုပ်ပေးခဲ့ပါတယ်။ သူငယ်ချင်းတွေရဲ့ တိုက်တွန်း မှုကြောင့် လေထီးခုန်ခြင်းကို စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ သူဟာ အသက်(၁၆)နှစ်အရွယ်မှာ မော်ဒယ် အလုပ်ကို စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ အမေရိကန်ကို ရောက်ရှိ လာပြီး နောက်ပိုင်းမှာတော့ ထင်ရှားတဲ့ မော်ဒယ်တစ်ဦးဖြစ်လာခဲ့ပါတယ်။ ဇာနော့တီဟာ သူ့ရဲ့ လူမှုကွန်ရက် ၀က်ဘ်ဆိုက်ဒ်တွေမှာ လေထီးခုန်တဲ့ ဓာတ်ပုံတွေကို လွှင့်တင်ပြီး ပရိသတ်တွေ သိရှိအောင် ပြုလုပ်ပေးလေ့ ရှိတယ်လို့ သိရပါတယ်။

 messenger

No comments:

Post a Comment