Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 20, 2015

ဘန်ကောက်မှာ ခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့ ဒါရိုက်တာမောင်မျိုးမင်း


ယခုနှစ်သင်္ကြန်အတက်နေ့တွင် ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆေးရုံတစ်ရုံသို့ တက်ရောက်၍ ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း   သတင်းရရှိသည်။
ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)သည် ကျောက်ကပ်ထဲတွင်တည်နေသည့် ကျောက်များကို ထုတ်ရန် သင်္ကြန်အတက်နေ့ (ဧပြီ ၁၆ ရက်)က ဘန်ကောက် မြို့ရှိ Phyathal-3 ဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူခဲ့ကြောင်း ၎င်း၏သမီး ဒါရိုက်တာထူးနွယ်အိမ်က ပြောသည်။
‘‘ကျောက်ကပ်ထဲမှာ ကျောက်တွေတည်လို့ ခွဲထုတ်ဖြစ်တာပါ။ အခုတစ်ခါနဲ့ဆို ခွဲထုတ်တာ သုံးကြိမ်ရှိပါပြီ။ ပထမဆုံးခွဲတုန်းက ရန်ကုန်မှာပါ။ ကျန်နှစ်ခေါက်ကတော့ ဘန်ကောက်မှာပဲ။ အခုခွဲထုတ်ပြီးသွားပြီ။ သက်သာတယ်။ အဆင်လည်းပြေတယ်။ မြင်ရတာစိတ်ချမ်းသာတယ်’’ဟု ၎င်းက ပြောသည်။
ဒါရိုက်တာမောင်မျိုးမင်းသည် ကျောက်ကပ်ထဲတွင်တည်နေသည့် ကျောက်များကို လွန်ခဲ့သည့် ခြောက်နှစ်ကတည်းကပင် စ၍ ခွဲထုတ်ပစ်ခဲ့ရပြီး ယခုတစ်ကြိမ်သည် သုံးကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။ ယခုအခါခွဲစိတ်ကုသမှု  အောင်မြင်သဖြင့် ဧပြီ ၂၃ ရက်တွင် ရန်ကုန်မြို့သို့ပြန်မည်ဖြစ်ကြောင်း  ဒါရိုက်တာထူးနွယ်အိမ်ထံမှ သိရသည်။
ဒါရိုက်တာမောင်မျိုးမင်းသည် ယခုနှစ်အတွင်း ပြေတီဦး၊ မြင့်မြတ်၊ လိုင်လာခန်း၊ ပက်ထရစ်ရှာတို့နှင့် ‘‘ရာဇဝင်ရိုင်းသူများ’’ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထားသည်။

 http://7daydaily.com/story/35483#.VTVeo5OIXao

No comments:

Post a Comment