CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, April 22, 2015
ကလေးငယ်နောက်မှာ ဆာမူရိုင်းတစ္ဆော ပူးကပ်နေ
ကလေးငယ် တစ်ဦးကို ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ အများကြီး ဖြစ်ပေါ်ခဲ့တယ်လို့ ဒေးလီးမေးလ် သတင်း တစ်ရပ်မှာ ဖော်ပြထား ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဂျပန်နိုင်ငံမှာရှိတဲ့ ကလေးငယ် တစ်ဦးဟာ ပင်လယ် ကမ်းခြေမှာ ဓာတ်ပုံ ရိုက်ကူးစဉ် ကလေးငယ် နောက်မှာ ဆာမူရိုင်း တစ္ဆော ပူးကပ်နေတာကို အထင်အရှား တွေ့မြင်ခဲ့ရ တာကြောင့် ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့နှစ်က ပေါ်ပေါက် ခဲ့ခြင်း ဖြစ်ပေမယ့် လက်ရှိအချိန်မှ လူမူကွန်ရက် ၀က်ဘ်ဆိုက် တွေမှာ လူဟြေများလာခဲ့တာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ၊ ကာဂါဝါ အရပ် ဒေသမှာ ရိုက်ကူး ခဲ့တဲ့ ဓာတ်ပုံဖြစ်ပြီး ဒီဓာတ်ပုံနဲ့ ပတ်သက်လို့ ထင်မြင်ချက် အမျိုးမျိုးပေးခဲ့ကြသလို အချို့ကလည်း လုပ်ကြံ ဖန်တီးထားတဲ့ ဖြစ်ရပ် အဖြစ် ဝေဖန်ခဲ့ကြ ပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံကို ရိုက်ကူးတဲ့ သူကတော့ အစစ်အမှန်သာ ဖြစ်ပြီး မည်သည့် အတု ပြုလုပ်ချက်မျှ ထည့်သွင်း ထားခြင်း မရှိကြောင်း ရှင်းလင်း ဟြေကြားခဲ့ ပါတယ်။
ဓာတ်ပုံရိုက်ကူးတဲ့နေရာမှာ ဆာမူရိုင်း အုတ်ဂူတွေ တည်ရှိနေခြင်း ကလည်း ထူးခြားချက် ဖြစ်နေတယ်လို့ ဒေးလီးမေးလ် သတင်း တစ်ရပ်မှာ ဖော်ပြထား ပါတယ်။ ကောင်မလေး တစ်ဦးဟာ ပင်လယ် ကမ်းခြေကို နောက်ခံထားပြီး အလှဓာတ်ပုံ ရိုက်ကူးရာမှာ ဆာမူရိုင်း တစ္ဆောက ပူးကပ်တဲ့ အနေ အထားမှာ ရှိနေတာကို ဓာတ်ပုံထဲမှာ အထင်အရှား မြင်တွေ့ခဲ့ရပါ တယ်။ ကောင်မလေး နောက်မှာရှိတဲ့ ပုံရိပ်ဟာ သိသာစွာ ပေါ်ထွက်နေတာ ဖြစ်ပြီး ဆာမူရိုင်းတွေ စီးနင်းတဲ့ ဖိနပ်ကိုလည်း စီးနင်းထား တာကို ထင်ရှားစွာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံဆရာ ကတော့ မိမိအနေဖြင့် ဒီဖြစ်ရပ်ကို ဘာမျှ မဟြေကြား လိုကြောင်း၊ သို့သော် ဓာတ်ပုံတွင် ပါဝင်သည့် မြင်ကွင်များကို ကြည့်ပါက ထူးဆန်းမှုများ ဖြစ်ပေါ်သည်ကို အထင် အရှား တွေ့ရမည် ဖြစ်ကြောင်း ဟြေကြားခဲ့ပါတယ်။ သြစတြေးလျနိုင်ငံ၊ ကွင်းစလန်း ပြည်နယ်မှာရှိ တဲ့ရေကန်မှာ မိသားစုဝင်တွေ ဟာ ရေချိုးနေစဉ် ဓာတ်ပုံရိုက်ကူးမှု ပြုလုပ်ခဲ့ရာ အမည်မသိတဲ့ ကလေးတစ်ဦး ဓာတ်ပုံ ပါဝင်နေခဲ့ ပါတယ်။ ဒီကလေးငယ်ဟာ ဒီရေကန်ထဲမှာ ရေနစ် သေဆုံးသွားခဲ့တာ ဖြစ်ပြီး သူ့ဝိညာဉ် ရှိသေးကြောင်းကို ပြသ လိုက်ခြင်း ဖြစ်တယ်လို့ ဆိုနေကြ ပါတယ်။ ဒီကလေးငယ်ဟာ ၁၉၁၅မှာ ရေနစ်သေဆုံးခဲ့တာ ဖြစ်ပြီး သူ့ဝိညာဉ်ကို ပြီးခဲ့တဲ့နှစ်မှာ ဖော်ထုတ်ပြခဲ့ တာကြောင့် အားလုံး အံ့အားသင့်ခဲ့ရ တယ်လို့ ဆိုထား ပါတယ်။
http://www.messengernewsjournal.com/General/Eventure/detail.php?id=35117
ကလေးငယ်နောက်မှာ ဆာမူရိုင်းတစ္ဆော ပူးကပ်နေ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 22, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 22, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment