Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 8, 2015

ယာဉ်တိမ်းမှောက်သတင်း ယာဉ်လိုင်းအမည် မှားယွင်းဖော်ပြ၍ နစ်နာကြေး ကျပ်သိန်းတစ်သောင်းလျော်ကြေးတောင်း


Thursday, April 9, 2015
ယာဉ်တိမ်းမှောက် သတင်း ယာဉ်လိုင်းအမည်မှား ဖော်ပြမှုအတွက် Sky Net ရုပ်သံ ထုတ်လွှင့်နေသည့် ရွှေသံလွင် ကုမ္ပဏီအား ရွှေစင်စကြ်ာယာဉ်လိုင်းက နစ်နာကြေး ကျပ်သိန်း တစ်သောင်းပေးရန် တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
မတ် ၅ ရက်ညက ရန်ကုန်- နေပြည်တော်အမြန်လမ်းတွင် ဖြစ် ပွားခဲ့သော ရွှေစကြ်ာယာဉ်နှင့် မန်းရာဇာအဝေးပြေးယာဉ်တို့ မတော် တဆမှုဖြစ်စဉ်တွင် ရွှေစင်စကြ်ာ ယာဉ်ဟု မှားယွင်းသတင်းဖော်ပြ ခဲ့ခြင်းကြောင့် ယာဉ်လိုင်း၏ ပုံရိပ် ကျဆင်းစေသည်ဟုဆိုကာ တစ် ပတ်အတွင်း နစ်နာကြေးပေးရန် နို့တစ်စာ ထုတ်ပြန်လိုက်ခြင်း ဖြစ် သည်။ ‘‘သူတို့ ၆ ရက် မနက်သတင်းစာတန်းစထိုးကတည်းက ယာဉ် လိုင်းနာမည်မှားနေတယ်လို့ လှမ်း အကြောင်းကြားတယ်။ ဒါပေမဲ့ ဖုန်းဆက်ပြောတဲ့ သူကို ဘယ်သူ လဲ၊ ဘာလဲနဲ့ ပြန်မေးတာမျိုးတွေ ရှိခဲ့တယ်။ ဖုန်းတွေလည်း အဆင့် ဆင့်လွှဲတယ်။ သတင်းစာတန်းကို တောက်လျှောက်ထိုးနေတယ်။ နောက်နေ့ကျတော့ သတင်းအမှန်ကို သူတို့ဘက်က ပြန်ထုတ်လွှင့် တယ်။ ဒါပေမဲ့ သတင်းမှားယွင်း ဖော်ပြခဲ့မှုနဲ့ ပတ်သက်လို့ မသိကျိုးကျွန်လုပ်တယ်။ မှားယွင်းဖော်ပြခဲ့ ပါတယ်ဆိုပြီး ၀န်ခံခဲ့တာမရှိဘူး။ အဲဒီအတွက် ယာဉ်လိုင်းအနေနဲ့ ခရီးသည်တွေရဲ့ သံသယဖြစ်မှုခံ ရတယ်။ နာမည်ကျဆင်းခဲ့ရတယ်။ ဒါကြောင့် နစ်နာမှုတွေအတွက် နို့ တစ်စာထုတ်ပြန်ရတာပါ’’ဟု ရွှေ စင်စကြ်ာ ယာဉ်လိုင်း၏ အကျိုးဆောင်ရှေ့နေအဖြစ် တာဝန်ယူဆောင်ရွက်ပေးနေသော တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောသည်။
ငွေပမာဏများစွာ ရင်းနှီး မြှုပ်နှံထားသော ကုမ္ပဏီကြီးတစ် ခုမှ ယာဉ်လိုင်းဂုဏ်သိက္ခာထိခိုက် နစ်နာဆောင်ရွက်ခဲ့သောကြောင့် ယာဉ်လိုင်းဘက်မှ တောင်းဆိုသော နစ်နာကြေးကျပ်သိန်းတစ်သောင်းမှာ မျှတသည်ဟု ယူဆရသော နှုန်းထားသတ်မှတ်၍ တောင်းခြင်းဖြစ် သည်ဟု ၎င်းကဆိုသည်။
ရွှေသံလွင်ကုမ္ပဏီ၊ Sky Net၏ mntv ဌာနသို့ အဆိုပါဖြစ်စဉ် နှင့် ပတ်သက်၍ ဖုန်းဖြင့် ဆက် သွယ်မေးမြန်းခဲ့ရာ အထက်တာ ၀န်ရှိသူများ ဆွေးနွေးညှိနှိုင်းနေပြီး လတ်တလောပြန်လည်ဖြေကြား နိုင်ခြင်း မရှိသေးကြောင်း ဖြေကြားသည်။
‘‘ဥပဒေကြောင်းအရ လုပ် ပိုင်ခွင့်ရှိတဲ့အတွက် တောင်းဆို တာပါ။ တစ်ပတ်အတွင်း မပေးခဲ့ ရင်တော့ တရားမကြောင်းအရ တိုင်းဒေသကြီးတရားလွှတ်တော် ကနေ တရားစွဲဆိုသွားမှာပါ’’ ဟု ရွှေစင်စကြ်ာယာဉ်လိုင်း၏ အကျိုးဆောင်ရှေ့နေ ဦးနေလက ပြော သည်။
7Day Daily

No comments:

Post a Comment