Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 8, 2015

ဒေါ်လာ တစ်သန်းကျော်နဲ့ ရောင်းလိုက်တဲ့ American Pieသီချင်း


American Pie တေးအယ်လ်ဘမ်အတွက် ဒွန် မက်ကလင်း ရေးသားထားသော မူရင်းသီချင်းစာသားကို နယူး ယောက်မြို့တွင် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် လေလံတင် ရောင်းချလိုက်ပြီဖြစ်သည်။ စာမျက်နှာ ၁၆ မျက်နှာ ပါသော ယင်းသီချင်းစာသားများ ကို ကန်ဒေါ်လာ ၁ ဒသမ ၂ သန်း ဖြင့် ရောင်းချ ရမည်ဟု မျှော်လင့် ထားခဲ့ခြင်းဖြစ်သည်။ အမြဲတမ်းလျှို့ဝှက်ချက်တစ် ခုအဖြစ်ရှိနေခဲ့သည့် ယင်းသီချင်း ၏ အဓိပ္ပာယ်ကို မူရင်းသီချင်းစာသား များက ဖော်ပြလိမ့်မည်ဟု တေးရေးမက်ကလင်းက ဖေဖော်ဝါရီအတွင်း အရိပ်အမြွက်ပြောကြားခဲ့သည်။ ယင်းသီချင်း၏အစမှာ ဘက်ဒီဟိုလီ၊ ရစ်ချီဗာလန်နှင့် ဂျီးလ်ရစ်ချက်ဆင်တို့ လေယာဉ်ပျက် ကျမှု အတွင်း သေဆုံး သွားသည့်အကြောင်းကို ရေးဖွဲ့ထားခြင်းဖြစ်သည်ဟုမက်ကလင်း(၆၉)နှစ်က ယခင်က အသိပေးခဲ့ သည်။ သို့သော် သီချင်း၏ ကျန်အကြောင်းအရာများကိုမူ အဓိပ္ပာယ်ဖော်ရန် ခက်ခဲနေဆဲဖြစ်သည်။ ယင်းအတွက်ကြောင့် American Pie သီချင်းမှာတေး ဂီတရာဇဝင်တွင် အချေအတင်ပြောဆိုမှုအများ ဆုံး တေးသီချင်းတစ်ပုဒ်ဖြစ်ခဲ့သည်။ သီချင်းကို ရေးသားခြင်းမှာ အတိတ်ဘဝသို့ ဆန်းကြယ်သော ခရီးနှင်ခြင်းဖြစ်သည်ဟု မက်ကလင်းက ပြောသည်။ ရှစ်မိနစ်ကြာသော ယင်းတေးသီချင်းသည် အမေရိကန်နိုင်ငံတွင် သီတင်းလေးပတ် ဆက် တိုက် နံပါတ်−၁ နေရာ၌ ရပ်တည်ခဲ့ပြီး ၁၉၇၂ခုနှစ်က ဗြိတိန်တေးသီချင်းစာရင်းတွင် နံပါတ် (၂)အကောင်းဆုံး တေးသီချင်းဖြစ်ခဲ့ သည်။ အဆိုတော် မက်ဒေါနားက ၂၀၀၀ ပြည့်နှစ်၌ ယင်းသီချင်း ကို ပုံစံပြောင်းသီဆိုခဲ့ပြီး ဗြိတိန်၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့ အပါအဝင် နိုင်ငံများစွာတွင် ထိပ် တန်းစာရင်းဝင်ခဲ့သည်။ BBC

No comments:

Post a Comment