Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 28, 2015

မွန်ဘုန်းတော်ကြီးကျောင်းသစ် ဘုရားပင့်ပွဲ ကျင်းပ


အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့တွင် မကြာခင်က ဝယ်ယူခဲ့သော မွန်တိုင်းရင်းသားများ ဘုန်းတော်ကြီးကျောင်း (Vimuttirasa Meditation Center) ၏ ဘုရားပင့်ပွဲကို ဧပြီ ၂၅ ရက်၊ စနေနေ့က ကျင်းပခဲ့ကြပါသည်။ ကော်လိုရာဒိုပြည်နယ်၊ အော်ရိုရာမြို့တွင် အသစ်တည်ထောင်သည့် မွန်ဘုန်းတော်ကြီးကျောင်း ဘုရားပင့်ပွဲ လှည့်လည်လာပုံ ဖြစ်ပါသည်။ကော်လိုရာဒိုပြည်နယ်၊ အော်ရိုရာမြို့တွင် အသစ်တည်ထောင်သည့် မွန်ဘုန်းတော်ကြီးကျောင်း ဘုရားပင့်ပွဲ လှည့်လည်လာပုံ ဖြစ်ပါသည်။ဦးစွာ ဗုဒ္ဓဆင်းတုတော်အား လှည့်လည် အပူဇော်ခံပြီး ဓမ္မစင်္ကြာတရားတော်များ၊ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် ကန်တော့ကြပြီးနောက် မွန်ရိုးရာအစားအစာများနှင့် တည်ခင်းဧည့်ခံခဲ့ကြပါသည်။ ကျင်းပသည့်ပွဲကို ကော်လိုရာဒိုပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင် ၂၀၀ နီးပါး တက်ရောက်ခဲ့ကြပါသည်။ “ဘုန်းတော်ကြီးကျောင်းအတွက် ဘုရားဆင်းတုတော် အလှူရှင်ရှိလာတဲ့အတွက် ဘုရားပင့်ပွဲကို အရင်ကျင်းပတာပါ၊ နောက်မှ ကျောင်းဖွင့်ပွဲအခမ်းအနားကို ထပ်ပြီး ခမ်းခမ်းနားနား ကျင်းပသွားမှာဖြစ်ပါတယ်”ဟု မွန်ကွန်မြူနတီ ခေါင်းဆောင်တဦးဖြစ်သူ နိုင်ထော့ရော့ က ဆိုသည်။ ၃ ဧကခွဲကျော် ကျယ်ဝန်းသည့် မွန်ဘုန်းတော်ကြီး၏ လိပ်စာမှာ 3660 Kalispell Street, Aurora CO 80011 ဖြစ်ပြီး ဖုန်းနံပါတ် 720-629-9825 နှင့် အီးမေးလ်လိပ်စာ vravika@gmail.com သို့ ဆက်သွယ်နိုင်ကြပါသည်။ “မွန်တိုင်းရင်းသားတွေ စုပေါင်းဝယ်ယူ တည်ထောင်တဲ့ကျောင်းဆိုပေမဲ့ အခြားတိုင်းရင်းသား ဗုဒ္ဓဘာသာဝင် အားလုံးလည်း မိမိတို့ရဲ့ကျောင်းလို အမြဲ ဝင်ထွက်သွားလာကြဖို့ ဦးဇင်းအနေနဲ့ ဖိတ်ကြားပါတယ်”ဟု ကျောင်းထိုင်ဆရာတော် ဦးရာဝိကက မိန့်တော်မူသည်။ ကော်လိုရာဒိုပြည်နယ်တွင် မွန်တိုင်းရင်းသား မိသားစု ၄၀ နီးပါး၊ လူဦးရေ ၁၀၀ ကျော် အခြေချ နေထိုင်
လျှက်ရှိသည်။
http://kabarthit.com/index.php?option=com_content&view=article&id=627:2015-04-26-19-36-39&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment