Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 28, 2015

မူးယစ်ဆေးသုံးစွဲကာ ဓါးကိုင်ရမ်းကားနေသူအား ၀င်ရောက် ထိန်းသိမ်း ဖမ်းဆီးရာမှ ရမ်းကားသူ သေဆုံး



 တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲပြီး ဓါးကိုင် ဆဲဆိုရမ်းကားနေသူအား ၀ိုင်းဝန်း ဖမ်းဆီးရာမှ ပြန်လည်ခုခံသည့် အတွက် သေနတ်ဖြင့် ပစ်ခတ်၍ ဖမ်းဆီး လိုက်ရပြီးနောက် ဒဏ်ရာဖြင့် သေဆုံးသွားသည့် ဖြစ်စဉ်တစ်ခု ယနေ့ ဧပြီလ(၂၈)ရက် နံနက်(၁၀း၃၀)နာရီအချိန် ၀န်းကျင်က ဖြစ်ပွားခဲ့သည်။

တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဟိုခိုမိုင်ရွာတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲပြီး ဓါးကိုင်၍ ဆဲဆိုရမ်းကားကာ နေအိမ်အား မီးရှို့ရန်အတွက် ဓါတ်ဆီပုလင်းနှင့် အ၀တ်စုံ(၁)ခု ကိုင်လျက်ပြုလုပ်နေသူ အိုက်အွတ်အား ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ပြည်သူ့စစ်အဖွဲ့မှ သွားရောက်၍ ၀ိုင်းဝန်းဖမ်းဆီးရာ အိုက်အွတ်မှ နာခံခြင်း မရှိဘဲ ပူးပေါင်းအဖွဲ့အား ၎င်း၏ လက်ထဲမှ ထင်းခုတ်ဓါးဖြင့် ပြေးခုတ်စဉ် ပြည်သူ့စစ်အဖွဲ့မှ ၎င်းကိုင်ဆောင်သော ပွိုင့်(၃၂) ပစ္စတိုသေနတ်ဖြင့် ခြိမ်းခြောက်ပြီး အောက်ပိုင်းသို့ ပစ်ရာမှ အိုက်အွတ်၏ ၀ဲပေါင်ရင်းအား ကျည်(၁)ချက်ထိမှန်ကာ ယာဒူးပွန်းခြစ် ဒဏ်ရာရရှိသွားခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ရန် ပြင်ဆင်နေစဉ် ကားပေါ်တွင် သေဆုံးသွားခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

သေဆုံးသွားသူ အိုက်အွတ်သည် နေအိမ်အား မီးရှို့ရန်ပြုလုပ်ခြင်း နှင့် နေအိမ်တံခါးများအား ရိုက်ချိုးဖျက်ဆီးပြီး ဓားကိုင်၍ ရွာထဲတွင် ဆဲဆိုသောင်းကျန်းခြင်းများ ပြုလုပ်ခြင်းတို့ကြောင့် ရပ်ကွက်အဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့မှ တာဝန်ဖြင့် သွားရောက် ဖမ်းဆီးခေါ်ဆောင်ရန် တားမြစ်စဉ်မှာ ပြန်လည်၍ ရန်ပြုပြီး ပြန်လည်ခုခံရင်း ထိုသို့ ဖြစ်ပွားခဲ့ရသည့်အတွက် သေဆုံးသူ၏ အလောင်းအား ဆေးရုံသို့ ပို့၍ စစ်ဆေးစဉ် အိုက်အွတ်၏ ဘောင်းဘီဝဲဘက် အိတ်ကပ်အတွင်း၌ Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၁၆)ပြားကို တွေ့ရှိရကြောင်း နှင့် တာဝန်ထမ်းဆောင်စဉ် သတ်နတ်ဖြင့် ပစ်ခတ်မိသူ ပြည်သူ့စစ်အား တာချီလိတ်မြို့ ရဲစခန်းတွင် (ပ)၉၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄အရ အမှုဖွင့်လှစ်ထားရှိပြီး တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူးကျော်သန်းမှ စစ်ဆေး ဆောင်ရွက်နေလျက် ရှိကြောင်း သိရှိရသည်။

TachileikNewsAgency‬
http://www.tachileik.net

No comments:

Post a Comment