![]() |
အလူမီနီယံ ဘက်ထရီက တစ်မိနစ် အတွင်း အားပြန်သွင်း နိုင်တယ်လို့ ဆို။ |
အလူမီနီယံနဲ့ ဂရပ်ဖိုက် တို့ကို အသုံးပြု ထားတဲ့ အဲဒီ ဘက်ထရီ နမူနာဟာ လက်ရှိ အသုံးပြုနေတဲ့ ဖုန်း ဘက်ထရီ တွေထက် ပိုဈေးပေါသလို ပိုပြီးလည်း စိတ်ချ ရတယ်လို့ စတန်းဖို့ဒ် တက္ကသိုလ်က သုတေသီတွေက ပြောပါတယ်။
လက်ရှိ စမာ့တ် ဖုန်းတွေမှာ အသုံးပြုနေတဲ့ လစ်သီယံ အိုင်းယွန်း ဘက်ထရီတွေ၊ အစဉ်အလာ အသုံးပြုခဲ့တဲ့ အယ်လ်ကာလိုင်း ဘက်ထရီတွေထက် အခု ထွင်လိုက်တဲ့ အလူမီနီယံ ဘက်ထရီက ပိုကောင်းတဲ့ အားသာချက်တွေ ရှိတယ်လို့လည်း ဆိုပါတယ်။
ဖုန်းတွေမှာ လက်ရှိ အသုံးပြုနေတဲ့ လစ်သီယံ အိုင်းယွန်း ဘက်ထရီတွေဟာ မီးလောင်လွယ်ပြီး အခု ထွင်လိုက်တဲ့ အလူမီနီယံ ဘက်ထရီကတော့ ပိုမို တည်ငြိမ်ပြီး ပို စိတ်ချရတယ်လို့ သူတို့က ပြောပါတယ်။
အလူမီနီယံ ဘက်ထရီ နမူနာရဲ့ အဓိက ကျတဲ့ အားသာချက် ကတော့ အားပြန်သွင်းချိန် တစ်မိနစ်သာ ကြာတဲ့ အချက် ဖြစ်ပြီး ဘက်ထရီကို လိုအပ်သလို ကွေးနိုင် ဆန့်နိုင်တယ် လို့လည်း ဆိုပါတယ်။
BBC Burmese
http://www.bbc.co.uk/burmese
- ချွေးထွက်လေပိုမွှေးလေဖြစ်မယ့်ရေမွှေးကို သိပ္ပံပညာရှင်တွေတီထွင်
- Internet Explorerနေရာမှာ အစားထိုးမယ့် Projet Spartan
- တစ်လတစ်ခါသာ အားသွင်းရန်လိုတဲ့Phone
- သင့်လက်ဟာ မကြာခင်ဖုန်းဖြစ်လာတော့မယ်
- iPhone သုံးစွဲသူ အများစု သတိမထားမိနိုင်သော မှော်ဆန်သည့် လုပ်ဆောင်ချက်များ
- လွတ်ကျလည်းဖုန်းကွဲမှာ မပူရသည့် နည်းပညာသစ်
- facebook အကောင့်ဆက်ခံသူရွေးချယ်နိုင်တော့မယ်
- like ခလုတ်ထက်ပိုပြီး တစ်ခုခု ပေးစွမ်းရန်အလားအလာရှိတဲ့ Facebook
- ရွံ့ မုန်းစရာကောင်းလောက်အောင် အသက်ဝင်လှတဲ့ USB Drive
- အခုအချိန်ကစလို့ သင့်ဓာတ်ပုံတွေကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ပေးနေတဲ့ Facebook
- ညစ်ညမ်းကားများအသွင်ယူထားသည့် Trojan Virus ဖြင့် facebook သုံးသူ တစ်သိန်းကျော်ကိုတိုက်ခိုက်
- အရွယ်မရောက်သေးသူများအသုံးပြုလျှင် အန္တရာယ်ရှိသည့် Application ငါးခု
No comments:
Post a Comment