CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, April 10, 2015
အောက်စဖို့ဒ်တက္ကသိုလ်ကျောင်းသားများ ရန်ကုန်တက္ကသိုလ်တွင် အင်္ဂလိပ်စာသင်တန်း ဒုတိယအကြိမ်ပို့ချမည်
ဗြိတိန်နိုင်ငံအောက်စဖို့ဒ်တက္ကသိုလ်ကျောင်းသားများသည် ရန်ကုန်တက္ကသိုလ် ဘွဲ့ကြိုကျောင်းသားများအား အင်္ဂလိပ်စာသင်တန်း ဒုတိယအကြိမ်လာရောက်သင်ကြားပို့ချမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါအင်္ဂလိပ်စာသင် တန်းတွင် အရေး၊ အပြော၊ စကားရည်လုပွဲနှင့် ပြဇာတ်များတွင်ပါဝင်သည်။ အင်္ဂလိပ်စာအသုံး အနှုန်းများကို ရန်ကုန်တက္ကသိုလ် ဘွဲ့ကြိုကျောင်းသားများအား ဇူလိုင်နှင့် သြဂုတ်လတွင် ရှစ်ပတ်ကြာ သင်ကြားပေးမည် ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ကျော်နိုင်ကပြောသည်။
‘‘ဒီအင်္ဂလိပ်စာသင်တန်းကို မနှစ်က စလုပ်ခဲ့တယ်။ အခုသင်တန်းပေးတော့ ဒီကကျောင်းသား တွေက အင်္ဂလိပ်စကားပြောသူ
တွေနဲ့ ရှစ်ပတ်လောက် စကားပြောဖြစ်သွားတယ်။ အရေးအသား ရော၊ ပြဇာတ်ကတဲ့နေရာမှာရော အင်္ဂလိပ်စာအသုံးအနှုန်းတွေကို သင်မယ်ဆိုတော့ နောက်ဆုံးနေ့မှာ အင်္ဂလိပ်လိုကပြတဲ့ပြဇာတ်တွေ လုပ်ဖြစ်မယ်ထင်တယ်’’ဟု ဒေါက် တာကျော်နိုင်ကပြောသည်။
အဆိုပါသင်တန်းသို့ တက်ရောက်လိုသူများသည် ‘‘ယခုသင်တန်းကို ဘာကြောင့်တက်ရောက် လိုသည်’’ ခေါင်းစဉ်ဖြင့် စာလုံး ရေ သုံးရာ ပါဝင်သည့် အင်္ဂလိပ်စာစာစီစာကုံးနှင့်အတူ burma @st-hughs.ox.ac.uk သို့ အီးမေးလ်ပို့၍ လျှောက်ထားရမည်ဖြစ် သည်။
ရန်ကုန်တက္ကသိုလ် ဘွဲ့ကြို ကျောင်းသားများ ပေးပို့သည့် အက်ဆေးအပေါ် မူတည်၍ အင်္ဂလိပ်စာ သင်တန်းများကို အဆင့် (Level)အလိုက်ခွဲကာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန် စီစဉ်ထားကြောင်း ဟု ဒေါက်တာကျော်နိုင် ကပြောသည်။
အင်္ဂလိပ်စာသင်တန်းအစီ အစဉ်ကို အောက်စဖို့ဒ်တက္ကသိုလ် ရှိ St.hughs Collegeမှ စီစဉ်ခြင်းဖြစ်ပြီး ၂၀၁၄ ဇူလိုင်က အောက်စဖို့ဒ်တက္ကသိုလ်မှ ဆရာတစ်ဦးနှင့် မဟာတန်းကျောင်းသား ရှစ်ဦး လာ ရောက်၍ ရန်ကုန်တက္ကသိုလ်ရှိ ဘွဲ့ကြိုကျောင်းသား ၇၀၀ ကျော်အား ပထမအကြိမ်အဖြစ် တစ်လကြာ သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တက္ကသိုလ်နှင့် အောက်စဖို့ဒ်တက္ကသိုလ်တို့သည်၂၀၁၄ ဇူလိုင်က သဘောတူညီခဲ့သည့် နားလည်မှုစာချွန်လွှာ (MoU) အရ အောက်စဖို့ဒ် တက္ကသိုလ်မှ ကျောင်းသားများ ရန်ကုန်တက္ကသိုလ်တွင် အင်္ဂလိပ်စာသင်တန်းများ လာရောက်ပို့ချနေခြင်းဖြစ်သည်။
7daydaily
အောက်စဖို့ဒ်တက္ကသိုလ်ကျောင်းသားများ ရန်ကုန်တက္ကသိုလ်တွင် အင်္ဂလိပ်စာသင်တန်း ဒုတိယအကြိမ်ပို့ချမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 10, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 10, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment