Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 17, 2015

တောက်မဲ့ မီးခဲ တရဲရဲ


နေရာက အင်္ဂလန်နိုင်ငံ တက္ကသိုလ်ပရဝိုက်ဒ်ရှိ မြက်ခင်းပြင်ကျယ် .. လူတွေစုရုံးရောက်ရှိနေကြပြီး တစုံတယောက်သောသူတဦး၏ ဗုဒ္ဓ ဓမ္မ ရှင်းလင်းဟောပြောပွဲ ..

ဟောပြောမည့်သူကတော့ ရန်ကုန်တက္ကသိုလ်မှပါမောက္ခဒေါက်တာလှဖေ ..

ဒေါက်တာလှဖေတယောက်ဟောပြောမဲ့စင်ပေါ်ရောက်ပြီးဟောပြောနေစဉ်မှာပဲ မိန်းမစီးစက်ဘီးအဟောင်းလေးနဲ့ အာရှသူတဦးအပြေးအလွှားနားထောင်ဖို့ရောက်လာတာကို
ဒေါက်တာလှဖေ စင်ပေါ်ကနေ သတိထားမိလိုက်တယ်။
အနည်းငယ်ဝေးနေသောကြောင့်မည်သူမည်ဝါမှန်းတော့မသဲကွဲ ...
ဒေါက်တာလှဖေဟောပြောအပြီး မေးခွန်းများ မေးခွင့်ပြုထားသဖြင့် အိန္ဒိယလူမျိုးတက္ကသိုလ်ကျောင်းသားတဦးမှ ဗုဒ္ဓ ဓမ္မဆိုင်ရာမေးခွန်းတခုကိုမေး၏ ..
ဒေါက်တာလှဖေ မှ အသေးစိတ်အင်္ဂလိပ်လိုရှင်းလင်းဖြေကြားပါသော်လည်း ထိုကျောင်းသားသည် စိတ်ဘဝင်မကျချေ .. ပြန်လှန်မေးမြန်းပြန်၏ ။
ရန်ကုန်တက္ကသိုလ် ပါမောက္ခကြီးဒေါက်တာလှဖေ မှ အဆိုပါကျောင်းသား၏မေးမြန်းသမျှ ကျိုးစားဖြေ၏ ။

ထိုကျောင်းသားသည် လက်မခံနိုင် ...

ထိုစဉ် ပရိတ်သတ်အများထဲမှာ အသံတသံထွက်ပေါ်လာသည် ။

အဆိုပါမေးခွန်းနှင့်ပတ်သက်ပြီး ကျမဝင်ဖြေလို့ ရပါသလား?
ဒေါက်တာလှဖေသည် အသံရှင်ကို စင်ပေါ်မှာလှမ်းကြည့်လိုက်ရာ ... စောစောက စက်ဘီးအဟောင်းလေးနှင့်လာသော အမျိုးသမီး ..

ဒေါက်တာလှဖေမှ ဝင်ရောက်ဖြေဆိုရှင်းလင်းခွင့်ပေးလိုက်သဖြင့် အဆိုပါအမျိုးသမီးသည် စင်ပေါ်သို့ အိနြေ္ဒ ရရ နှင့်တက်လာပြီး စောစောက အိန္ဒိယတက္ကသိုလ်ကျောင်းသားမေးသောဗုဒ္ဓဓမ္မ နှင့် ပတ်သက်သောမေးခွန်းအားလုံးကိုအကျယ်တဝင့် ရှင်းလင်းပြလေသောအခါ အဆိုပါကျောင်းသားသည်များစွာကျေနပ်လက်ခံလိုက်တော့သည် ။

ပရိတ်သတ်အားလုံးသည်လည်းလွန်စွာနှစ်ခြိုက်သဖြင့်လက်ခုပ်သြဘာပေးကာချီးကျူး ကြလေတော့သည် ။

''ထိုအမျိုးသမီးငယ်လေးသည် မည်သူဖြစ်ပါသနည်း'' ?

အဆိုပါ အာရှ သူမိန်းမပျိုလေးသည် နောင်တချိန်တွင်
ကမ္ဘာ တလွှားထင်ရှားကျော်ကြားကာ ငြိမ်းချမ်းရေး နိုဘယ်ဆုနှင့်အတူ ဒီမိုကရေစီသူရဲကောင်း ဖြစ်လာမည့်
ဒေါ်အောင်ဆန်းစုကြည် ဆိုသည့် အမျိုးသမီးတဦးဖြစ်လာလေတော့သည် ။

ကျနော်ဖီလော်ဆိုဖာမောင်မြသာပါ၁

No comments:

Post a Comment