တောင်တရုတ်ပင်လယ် အနီးနားက နိုင်ငံငယ်တွေအပေါ် လွမ်းမိုး ခြိမ်းခြောက်ဖို့ တရုတ်က ကြီးမားတဲ့ အင်အားသုံး ဖန်တီးနေမှုအပေါ် အမေရိကန်က စိုးရိမ်ကြောင်း သမ္မတ အိုဘားမားက ပြောကြားလိုက်ပါတယ်။
အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ ကျွန်းတခု တရုတ်က ဖန်တီးတည်ဆောက်နေတဲ့အပေါ် အခုလို သမ္မတရဲ့ သဘောထား ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
တရုတ်အစိုးရဟာ တောင်တရုတ်ပင်လယ်ပြင်က သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ နေရာတခုကို သူတို့ပိုင်တယ်လို့ ပြောပြီး လူလုပ်ကျွန်းတခု ဖန်တီးဆောက်လုပ်ခဲ့တာဟာ ဒေသတွင်း တည်ငြိမ်မှုကို ထိခိုက်အောင်လုပ်တာ ဖြစ်တယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။
စပရက်လေ ကျွန်းစုနားက Mischief ကျောက်တန်းပေါ်မှာ လေယာဉ်ပြေးလမ်းတွေ၊ သင်္ဘောဆိပ်တွေ ဆောက်လုပ်နေတာမျိုးတွေ အပါအ၀င် တည်ဆောက်မှုတွေ တရုတ်အစိုးရက တိုးလုပ်လာနေတာကို satellite ဂြိုဟ်တုပေါ်က ရိုက်ကူးထားတဲ့ ပုံတွေ ထွက်ပေါ်လာအပြီးမှာ ခုလိုပြောကြာလိုက်တာပါ။
တရုတ်အစိုးရကတော့ အဲဒီဆောက်လုပ်မှုတွေဟာ နိုင်ငံအချုပ်အခြာ အာဏာပိုင်မှုကို ကာကွယ်ဖို့ လိုအပ်တဲ့အတွက် လုပ်တာပါလို့ ပြောပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese

No comments:
Post a Comment