Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 1, 2015

သဲတံတိုင်းကြီးတခု တရုတ် ဖန်တီး တည်ဆောက်နေ


တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်မှာ သဲနဲ့ ဆောက်လုပ်တဲ့ တံတိုင်းကြီးတခု ဖန်တီးနေတယ်လို့ အမေရိကန် ထိပ်တန်းအရာရှိတဦးက ပြောပါတယ်။

သန္တာကျောက်တန်းတွေပေါ်ကို သဲတွေ စုတ်တင်ပြီး ကွန်ကရစ်ကိုင်ထားတဲ့၊ ၁.၅ စတုရန်းမိုင် ရှိတဲ့ ကုန်းမြေတု တခုကို ဖန်တီးနေတယ်လို့ အမေရိကန် ပစိဖိတ်ရေတပ်မှ တပ်မှူးဖြစ်သူ Admiral Harry Harris က အင်္ဂါနေ့က ပြောဆိုခဲ့ပါတယ်။

တရုတ်ဆောက်လုပ်ရေးအဖွဲ့က စစ်ရေးအတွက် အသုံးပြုဖို့ ဖြစ်နိုင်ချေရှိတဲ့ ကျွန်းတုတွေကို Spratly ကျွန်း က သန္တာကျောက်တန်းတွေပေါ်မှာ ဖန်တီးနေတယ်ဆိုပြီး ယခုလတွေ အတွင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

Spratly ကျွန်းနယ်မြေ ပိုင်ဆိုင်ရေးအတွက် တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ တိုင်ဝမ် အစရှိတဲ့ နိုင်ငံတွေဟာ အငြင်းပွားနေကြတာ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

No comments:

Post a Comment