Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 6, 2015

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြေအောက်ရေ ကုန်ခန်းလာ၍ ဆန်စပါး စိုက်ပျိုးမှုကို ထိခိုက်လာဖွယ်ရှိ


ဒါကာ ၊ ၆-၄-၂၀၁၅

ဘင်္ဂလားဒေ့ရ် နိုင်ငံတွင် မြေအောက်ရေ ကုန်ခန်း လာခြင်းကြောင့် အနာဂတ်တွင် နိုင်ငံတွင်း စပါးစိုက်ပျိုး ထုတ်လုပ်မှု အတွက် ခြိမ်းခြောက်မှုကြီး ဖြစ်လာနိုင်ကြောင်း အပြည်ပြည် ဆိုင်ရာ ဆန်စပါး သုတေသန အဖွဲ့ကြီးက သတိပေးချက် ထုတ်ပြန် လိုက်သည်ဟု သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတစ်ဝန်း စပါးစိုက်ပျိုးရာ ဒေသများကို စစ်ဆေး တိုင်းထွာခဲ့ရာမှ နှစ်စဉ် လေးပေမှ ငါးပေထိ ရေများ နိမ့်ဆင်းသွား ခဲ့ရသည်။ အဓိက အကြောင်းရင်းမှာ ဆည်မြောင်း များမှ ရေသွယ်ယူ သုံးစွဲခြင်း များပြား လာခဲ့ခြင်းကြောင့် ဖြစ်သည်။ ၁၉၈ဝ ပြည့်နှစ်က အဝီစိတွင်း ပေါင်း ၂၁ တွင်းမှ ရေဂါလန်ပေါင်း ၁ ဒသမ ၆၂ သန်းခန့် ထုတ်ယူ သုံးစွဲခဲ့ကြောင်း စစ်တမ်းများတွင် တွေ့ရှိ ခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ကမ္ဘာပေါ်တွင် စပါးစိုက်ပျိုးမှု အများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး စပါးစိုက်ပျိုးမှု ဧရိယာ ဟက်တာ ၁၁ ဒသမ ၆၅ သန်း၊ စပါးတန်ချိန် ၅၁ သန်းခန့် ထုတ်လုပ် နေကြောင်း၊ နွေစပါးသည် ဆည်ရေကို အလွန်အကျွံ မှီခို နေရသော်လည်း စပါးစိုက် ဟက်တာ ပေါင်း ၄ ဒသမ ၇၅ သန်းသည် ၄င်းနိုင်ငံ စပါး ထုတ်လုပ်မှု၏ ၅၅ ရာခိုင်နှုန်း ခန့်ရှိနေသည်။

ထို့ပြင် တောင်သူများက နိုက်ထရိုဂျင် ဓာတ်မြေသြဇာ များကို မတရား သုံးစွဲနေခြင်း ကလည်း မြေဆီမြေနှစ် များကို ထိခိုက်စေသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ယူရီးယား ဓာတ်မြေသြဇာများ အလွန်အကျွံ သုံးစွဲခဲ့ပြီး ၁၉၈ဝ ပြည့်နှစ်က ၆၄ ရာခိုင်နှုန်းခန့် သုံးစွဲခဲ့ရာ ၂ဝ၁ဝ ပြည့်နှစ် ရောက်သောအခါ ၈၉ ရာခိုင်နှုန်းထိ ပိုမိုသုံးစွဲ လာခဲ့ကြကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ရသည် ဟု သိရသည်။

PyiChitThar
http://www.pyichitthar.com

No comments:

Post a Comment