ကျန်းမာရေးမကောင်းဟုဆို သည့် သတင်းများ ထွက်ပေါ်လေ့ရှိသော
အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကျန်းမာစွာ အိုင်ပက်အသုံးပြုနေသည့်
ဓာတ်ပုံကို မတ်လ ၂၆ ရက်က မြေးဖြစ်သူ နေရွှေသွေးအောင်၏ ဖေ့စ်ဘွတ်ခ်စာ
မျက်နှာတွင် တင်ထားသည်ကို မြင်တွေ့ ကြရသည်။ဦးသန်းရွှေ၏ မြေးဟု ယူဆ ရသော
ကလေးမလေးတစ်ဦးက ဦးသန်းရွှေအား အိုင်ပက်အသုံးပြုနည်း သင်ပေးနေသည့်ပုံကို
တင်ခဲ့ခြင်းဖြစ်ပြီး ယင်းဓာတ်ပုံကို‘‘ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် သူ၏
အိုင်ပက်နည်းပြဆရာမ’’ဟု ရေးသား၍ တင်ခဲ့ခြင်းဖြစ်သည်။
ယင်းဓာတ်ပုံရိုက်ကူးထား သည့် အချိန်မပါဝင်သောကြောင့် နေရွှေသွေးအောင်သို့
လူမှုကွန် ရက်စာမျက်နှာမှတစ်ဆင့် ဆက် သွယ်သော်လည်း ပြန်လည်အကြောင်းပြန်ခြင်း
မရှိခဲ့ပေ။
ယင်းဓာတ်ပုံအောက်တွင် ဦးသန်းရွှေကို ကျန်းကျန်းမာမာ
တွေ့မြင်ရသောကြောင့် ၀မ်းသာ ကြောင်း အပါအ၀င် ဦးသန်းရွှေ အား
ချီးကျူးထားသည့် မှတ်ချက် များပေးထားကြသည်။
အဆိုပါ
ဖေ့စ်ဘွတ်ခ်စာမျက် နှာကို ဦးသန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင်
သုံးစွဲသည်ဟု သိရပြီး ပြီးခဲ့သည့် ရက်ပိုင်းက လည်း နေရွှေသွေးအောင်က
၎င်း၏ပတ်သက်၍ ထွက်ပေါ်ခဲ့ သည့် ကောလာဟလများကို အမှန်အတိုင်း သိစေလို၍ဟုဆို ကာ
အချက်တစ်ခုချင်းစီအလိုက် ဖြေရှင်းချက်များ ရေးသားခဲ့ သည်။
ယင်းဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် နေရွှေသွေးအောင်က ၎င်း၏လှုပ်ရှားမှု ပုံရိပ်များကို
အချိန်နှင့် တစ်ပြေးညီတင်ပေးလေ့ရှိသည်။
http://7daydaily.com/story/34528#.VRS8J-GIXap
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, March 26, 2015
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း) iPad သုံးနေသည့်ပုံ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ပျံ့နှံ့လာ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း) iPad သုံးနေသည့်ပုံ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ပျံ့နှံ့လာ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 26, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 26, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment