Written by မဇ္ဈိမ
၆ နှစ်ကြာ လုပ်ငန်းဆောင်ရွက်ခဲ့ပြီး အများပြည်သူ စိုးရိမ်းမှု အနည်းငယ် ရှိခဲ့ပြီးနောက် ယခုအခါGoogle အနေဖြင့် အခက်အခဲများ ရှိလင့်ကစား ၎င်း၏မောင်း သူမဲ့မော်တော်ကားများ အမှန်တစ် ကယ်ဈေး ကွက်ဝင် လာနိုင်ရန်တွန်း အားပေးဆောင် ရွက်နေပြီဖြစ်သည်။
မောင်းသူမဲ့မော်တော် ကားများကို ၅နှစ်အတွင်း အမှန်တစ် ကယ်မောင်းနှင် အသုံးပြု လာနိုင်မည်ဟု Google ကအခိုင် အမာပြော ကြားလိုက်သည်။ Google ၏မောင်း သူမဲ့မော်တော် ကားထုတ်လုပ်ရေး စီမံကိန်းဒါရိုက်တာခရစ်အမ်ဆွန် ကမောင်းသူ မဲ့မော်တော်ကားနည်းပညာ ကျယ်ပြန့်ထွန်းကားလာရုံမက ၂၀၂၀ ခုနှစ်တွင် အဆိုပါကားများကို အမှန်တစ်ကယ်မောင်းနှင် အသုံးပြုနိုင်မည်ဟု ထုတ်ဖော်ပြော ကြာားလိုက်သည်။
အခြားသောမော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီများက စီစဉ်နေသည့် ပုံစံမျိုး မဟုတ်ဘဲ Google ၏မောင်းသူ မဲ့မော်တော်ကား များတွင်စတီယာ ရင်ပါဝင် မည်မဟုတ်ဘဲ ကွန်ပျူတာစနစ်ဖြင့် ထိန်းချုပ်မောင်းနှင်နိုင် မည်ဟုဆိုသည်။
မောင်းသူမဲ့မော်တော်ကားများ အသုံးပြုခြင်း ကမော်တော်ကား မတော်တဆမှုများ ကိုလျှော့ချနိုင် မည်ဟုလည်းGoogle ကယုံကြည်ထားသည်။ ကမ္ဘာတစ်ဝန်း တွင်မော်တော်ကား မတော်တဆမှု များကြောင့်နှစ်စဉ် လူပေါင်း ၁.၂ သန်းသေဆုံး လျက်ရှိရာ နည်း ပညာမြင့်မောင်း သူမဲ့မော်တော် ကားများ အသုံးပြုခြင်း ဖြင့်မောင်းနှင်သူ၏ အမှားကြောင့် မတော်တဆဖြစ်မှုများ ကိုလျှော့ချ သွားနိုင်မည်ဟု Google က ဆိုသည်။
Google ၏မောင်းသူ မဲ့မော်တော် ကားများမှာ အမှန် တစ်ကယ် ထုတ်လုပ်သည့် အဆင့်သို့ မရောက်ရှိသေး ဘဲရှေ့ပြေးန မူနာပုံစံ အဖြစ်သာ ပြီးခဲ့ သည့်နှစ်
ဒီဇင်ဘာလ အတွင်းက ထုတ်ဖော်ပြသ ခဲ့ခြင်းဖြစ်သည်။ အဆိုပါရှေ့ပြေး နမူနာ ပုံစံမောင်းသူ မဲ့မော်တော်ကား မှာမြန်နှုန်းအနည်းငယ်ဖြင့် သာမောင်းနှင်နိုင်ခဲ့ သည်။
သို့သော် အမြန်နှုန်း ထက်မောင်းသူ မဲ့မော်တော်ကား ထုတ်လုပ်ရေးကိုသာ လတ်တလောအာရုံစိုက် ထားခြင်းဖြစ်ကြောင်းနှင့်နောက် ပိုင်းတွင် အမြန်နှုန်းနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက် သွားမည်ဟု Google ကပြောကြားသည်။
၎င်းတို့ ရည်းမှန်း ချက်ကြီး စွာဖြင့်ဆောင်ရွက်နေ သည့်မောင်းသူ မဲ့မော်တော်ကား ထုတ်လုပ်ရေးနှင့် ပတ်သက်၍ Google ရင်ဆိုင်နေရသည့် အဓိကမေးခွန်း မှာထိုကဲ့ သို့သောနည်း ပညာမြင့်မောင်း သူမဲ့မော်တော် ကားများကို အမှန်တစ်ကယ် အမြောက်အမြား ထုတ်လုပ်နိုင်ခြင်းရှိ မရှိဖြစ်ပြီး အဆိုပါ ကိစ္စအား ဂျင်န ရယ်မော်တာနှင့်ဖို့ဒ် အပါအဝင် ကမ္ဘာ့မော်တော်ကား ထုတ်လုပ်ရေး လုပ်ငန်းကြီး များနှင့်ဆွေးနွေး လျက်ရှိကြောင်း သိရသည်။
Ref: Forbes, Google
http://www.mizzimaburmese.com/2013-10-20-16-16-07/2014-09-12-10-43-43/item/41519-google
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, March 19, 2015
Google ၏ မောင်းသူမဲ့ မော်တော်ကားများ ၂၀၂၀ ခုနှစ်တွင် အမှန်တစ်ကယ် အသုံးပြုနိုင်မည်ဟုဆို
Google ၏ မောင်းသူမဲ့ မော်တော်ကားများ ၂၀၂၀ ခုနှစ်တွင် အမှန်တစ်ကယ် အသုံးပြုနိုင်မည်ဟုဆို
Reviewed by VC
on
March 19, 2015
Rating: 5
Reviewed by VC
on
March 19, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment