Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 1, 2015

မသန်စွမ်းဖြစ်သူ ကားတက်မောင်း၍ ယာဉ်တိုက်မှုဖြစ်


ရန်ကုန် မတ် ၁

ရန်ကုန်မြို့ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် အမှတ် ( ၉၂) ရပ်ကွက်တွင် အရှိန်မြှင့်မောင်းနှင်လာသည့် ဗစ်တာယာဉ်က ရပ်ထားသော အမျိုးသမီးနှစ်ဦးပါ ဆိုင်ကယ်ကို တိုက်မိရာ အမျိုးသမီးတစ်ဦး ကားနှင့်ချိတ်ပါသွားပြီးနောက် ရှေ့ဘီးနှင့်ကြိတ်ပြီး နောက်ဘီးကထပ်မံကြိတ်မိကာ ဒဏ်ရာရရှိသဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင် စံပြဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၅ ရက် မွန်းတည့် ၁၂ နာရီတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် အမှတ် (၉၂) ရပ်ကွက်၊ (စစ်တောင်းရိပ်မွန်အိမ်ရာ) နှင်းဆီလမ်းမှ ထွက်လာသော ဗစ်တာကား 1G/--- သည် အောင်သပြေ လမ်းဆုံအရောက်တွင် ဆိုင်ကယ်ကို ဝင်ရောက်တိုက်မိရာ ဆိုင်ကယ်ပေါ်ပါ အမျိုးသမီးတစ်ဦးမှာ ကားနှင့်ချိတ်ပါသွားပြီး နောက်ဘီးဖြင့် ကြိတ်မိကာ ဒဏ်ရာရရှိခဲ့သည်။

အဆိုပါယာဉ်သည် ဆိုင်ကယ်ကို တိုက်မိပြီးနောက် အောင်သပြေ လမ်းကွေ့တွင်ရပ်ထားသော ရေခဲမုန့်လှည်းကို ဆက်လက်တိုက်မိပြီး ရေခဲမုန့် သည်မှာလည်း ဒဏ်ရာရရှိခဲ့သည်။

ဆက်လက်၍ အရှိန်လွန်ကာ လမ်းဘေးဓာတ်မီးတိုင်ကို တိုက်မိပြီးနောက် ရပ်တန့်သွားပြီး ကားရှေ့ခေါင်းပျက်စီးကြေမွသွားခဲ့သည်။ ကားမောင်းသူမှာ အရေးပေါ်လေအိတ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မဖြစ်ခဲ့ကြောင်း သိရသည်။

ပတ်ဝန်းကျင်ပြည်သူများက ဒဏ်ရာရရှိသူများကို စံပြဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဆိုင်ကယ်နှင့်လိုက်ပါသည့်သူ ဒေါ်နုနုရီမှာ ညနေ ၃ နာရီတွင် သေဆုံးသွားသည်။

ကိုကြီးစိုး(ဆိပ်ကမ်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment