Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, March 5, 2015

မြို့ တော်ခန်းမရှေ့ တွင်ဆန္ဒပြနေသောကျောင်းသား ၅၀ ဦးခန့်အားရဲတပ်ဖွဲ့ အပါအ၀င်လက်ပတ်နီပတ်အရပ်ဝတ်များကပါ ၀ိုင်းဝန်းဖြိုခွင်း





ရန်ကုန် မတ် ၅
ယနေ့ ညနေ ၃ နာရီခွဲခန့်အချိန် ရန်ကုန်မြို့ တော်ခန်းမရှေ့ တွင်ဆန္ဒပြနေသောကျောင်းသား ၅၀ ဦးခန့်အားရဲတပ်ဖွဲ့ အပါအ၀င် အရပ်ဝတ်များဖြင့်လက်မောင်းတွင် "တာဝန်"ဟူသည့်လက်ပတ်နီများပတ်ထားသောလူများမှရိုက်နှက်၍အင်အားသုံးဖြိုခွင်းခံခဲ့ရသည်။
ထိုသို့ ဖြို့ ခွင်းခံရာတွင်မနီလာသိန်းအပါအ၀င်ကျောင်းသား ၇ ဦးနှင့် တက်ကြွလှုပ်ရှားသူ ၂ ဦးတို့ အားရဲတပ်ဖွဲ့ မှဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးကျောင်းသူတစ်ဦးမှာရိုက်နှက်ခံရသည့်ဒဏ်ရာများဖြင့်ဗဟာဗန္ဓုလပန်းခြံတွင်း
တွင်ကျန်ခဲ့ကြောင်းသိရသည်။
ဖြိုခွင်းရာတွင် ရဲအင်အားတစ်ထောင်ခန့်နှင့် အရပ်ဝတ်လက်ပတ်နီပတ်ထားသောလူဦးရေမှာ ၃၀၀ ကျော်ခန့်ရှိကြောင်းသိရသည်။
ဇေဝေယံ |
Popular Myanmar News Journal

No comments:

Post a Comment